Monday, July 28, 2014

ချစ်​ခြင်းသက်​သက်​ ​မွေး​နေ့ကဗျာ

ချစ်​ခြင်းသက်​သက်​ ​မွေး​နေ့ကဗျာ

ဘဝအဆက်​ဆက်
တောင်းခဲ့ဖူးတဲ့ ဆု​တွေ
အခု ဘဝ
`မ´နဲ့မှ ပြည့်​တယ်​ ​ပြောရမလား။

ကျွန်​​တော်​ နာကျင်​ခဲ့ရသမျှ
`မ´ က ကြင်​နာခြင်းများနဲ့ နှစ်​သိမ့်​လို့
ကျွန်​​တော်​လဲပြိုခဲ့သမျှ
`မ´ က အနားနားက​နေ ​ဖေးမကူတွဲလို့
ကျွန်​​တော်​ ပျော်​ရွှင်​ခဲ့ရသမျှ
`မ´ က တစ်​ဖဝါးမကွာ ကြည်​နူးခံစားလို့
ကျွန်​​တော်​ ​အောင်​မြင်​ခဲ့သမျှ
`မ´ က အတူတအား​ပေးလက်​ခုပ်​တီးလို့
ကျွန်​​တော်​တို့
တစ်​​ယောက်​ကွက်​လပ်​ကို တစ်​​ယောက်​ဖြည့်​လို့
ပျော်​ကြတယ်
ကျွန်​​တော်​တို့
တစ်​​ယောက်​ပီတိကို တစ်​​ယောက်​မျှ​ဝေလို့
ကြည်​နူးတယ်​။

တကယ်​ဆို
`မ´ မွေး​နေ့​လေးမှာ
 နှစ်​ယောက်​အတူလက်​တွဲလို့
ဘုရားသွား​ကျောင်းတက်​ကုသိုလ်​ပြုချင်​မိတာ​ပေါ့။

တကယ်​ဆို
`မ´ မွေး​နေ့​လေးမှာ
မွေး​နေ့ကိတ်​​လေး​ပေါ်`မ´ ဆိုတဲ့ စာလုံး​လေး​ရေးလို့
မိသားစုအတူတူ ​ပျော်​ရွှင်​ရယ်​​မောချင်​တာ​ပေါ့​။

အခု​တော့
`မ´နဲ့ ကျွန်​​တော်​ က တစ်​​ယောက်တစ်​​နေရာစီမှာ
ကျွန်​​တော်​က
ရန်​ကုန်​မိုး​တွေ ရွှဲရွှဲစို ​အေးစက်​လို့
`မ´ က
မန္တ​လေးညထဲ အထီးကျန်​​ခြောက်​ကပ်​လို့။

တစ်​​ယောက်​မရှိလို့
တစ်​​ယောက်​မဖြစ်​တဲ့ ဘဝထဲ
တစ်​​ယောက်​အ​ကြောင်းကို တစ်​​ယောက်​​တွေးလို့
လွမ်းရတယ်
တစ်​​ယောက်​မျက်​နှာကို တစ်​​ယောက်​မြင်​​ယောင်​လို့
ဆွေးရတယ်​။

ဘယ်​သူမြင်​ ဘယ်​သူသိမလဲ တို့နှစ်​​ယောက်​ချစ်​တဲ့အ​ကြောင်း
ဘယ်​သူ​တွေ ဘယ်​လိုခံစား​ပေးမလဲ တို့နှစ်​​ယောက်​ လွမ်းတဲ့အ​ကြောင်း
ပိုတယ်​​ပြောလည်း လွမ်းတာပဲ
လိုတယ်​​ပြောလည်း ချစ်​မှာပဲ
စိတ်​ကူးထဲ​တော့ နှစ်​​ယောက်​အတူတူရှိကြမယ်။

`မ´​ရေ
ပျော်​ရွှင်​ဖွယ်​​မွေး​နေ့ပါ
ဖ​ယောင်းတိုင်​မီး​လေး​တွေကို မှုတ်​လိုက်​ပါ
မွေး​နေ့ကိတ်​ကို လှီးလိုက်​ပါ
သမီးနဲ့ ​ဖေ​ဖေက ပြိုင်​တူပါးစပ်​ ဟ လို့
ဘယ်​သူ့ကို အရင်​​ကျွေးမလဲ ​ကျီစယ်​ရယ်​​မောလို့
ဓာတ်​ပုံ​တွေ တဖျတ်​ဖျတ်​ရိုက်​ကြမယ်
တစ်​​ယောက်​ကိုတစ်​​ယောက်​ မုန့်​ခွံ့​ကျွေးကြမယ်။

ပျော်​စရာ ရွှင်​စရာ မိသားစုကမ္ဘာ
ပျော်​ရွှင်​ဖွယ်​ရာ ​မွေး​နေ့မှသည်
နောင်​လာမယ့်​ အသက်​ထက်​ဆုံးတိုင်​ထိ
`မ´ ပိုင်​ဆိုင်​နိုင်​ပါ​စေသား။

ပျော်​စရာ ရွှင်​စရာ မိသားစုကမ္ဘာ
ပျော်​ရွှင်​ဖွယ်​ရာ ​မွေး​နေ့မှသည်
နောင်​လာမယ့်​ အသက်​ထက်​ဆုံးတိုင်​ထိ
`မ´ ပိုင်​ဆိုင်​နိုင်​ပါ​စေသား။

ပျော်​စရာ ရွှင်​စရာ မိသားစုကမ္ဘာ
ပျော်​ရွှင်​ဖွယ်​ရာ ​မွေး​နေ့မှသည်
နောင်​လာမယ့်​ အသက်​ထက်​ဆုံးတိုင်​ထိ
`မ´ ပိုင်​ဆိုင်​နိုင်​ပါ​စေသား။

မင်းနဒီခ
၁၈ ဇူလိုင်​ ၂၀၁၄