Sunday, January 5, 2014

ခရီး

ခရီး

လာနေပြီ ထွက်ခွာရာပြပုဒ်ဟာ တဖြည်းဖြည်း သူရောက်ရှိရာနေရာကနေ ဆက်လက်
တစ်ယောက်ဆင်း တစ်ယောက်တက်ထွက်ခွာ ရထားဟာ အလံစိမ်းစိမ်းချိုးအပြကို မစောင့်နိုင်တော့ပါ
ခရီး အနီးအဝေး ပန်းတိုင် နွံထဲ ကျွံဆဲလှည်းဘီးများ အခုထိအကူအညီမရသေးသလို
လိုအပ်နေသော ငါးမိနစ်မတိုင်ခင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည့်ကား
လာပါ ကြွပါ ထိုင်ပါ စားပါ သွားပါ အိပ်ပါ လွပ်လပ်စွာ ကိုယ်ရဲ့ လူ့အခွင့်အရေးကို ကိုယ်တိုင်ချက်ပြုတ်ပါ
ထိုင်ခုံဟာ ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်သူကို စောင့်မျှော်လျှက်
နေ့များ ညများပြီးဆုံးမသွားခင် အသက်ဟာ ရှင်ခြင်းကို ဖြေးညင်းစွာ ရှူရှိုက်လို့
ယဲ့ယဲ့ကလေး ထွက်သွားတယ် လမ်းအတိုင်း ရွေ့ရွေ့နှင်နှင် ငိုညည်းသံများမဆုံးခင်
ဖြေလျော့လိုက်တဲ့ လက်များဟာ အပုံလိုက် အပုံ့လိုက်
ကုတင်ပေါ်မှ ခြုံလွှမ်းထားတဲ့ စောင်တစ်ဖက်စွန်းမှ ထိန်းချုပ်ထားတဲ့ စိတ်တစ်ခုမှ
အလွတ် ဖြောင့်တန်းစွာ လျင်မြန်စွာ ရုတ်ချည်း ရုပ်ကြီးသက်သက်
ပူသည် အေးသည် ချိုသည် ခါးသည် ဗိုက်ဆာသည် ပြည့်အင့်သည် မရှိ မညည်းမညူ
ငါ့အား ခွင့်လွှတ်ပါ ကမ္ဘာမြေကြီးရေ လာခြင်းမကောင်းသော ကဗျာဆရာတစ်ယောက်အဖြစ်
ခေတ်နဲ့ စနစ်ထဲ ကျန်နေသူအပေါင်းကို တီးတိုးအားနာမိရင်း
လူမသိ သူမသိ တိတ်တိတ်ကလေး ပြန်ခဲ့ရတာ လူသိရှင်ကြား လာခဲ့ရတာ
အဖြေဟာ မေးခွန်းတွေကို ရှောင်လွဲမရခဲ့သလိုမျိုး ငါ့အား ငါ့အား ငါ့အား ငါ့အား ငါ့အား ငါ့အား
ကျေးဇူးစကားဆိုစရာ ကဗျာများစွာ ထားရစ်ခဲ့ပါကြောင်း လောက
လောဘဟာ သံသရာတစ်လျှောက်မှာ ကဗျာနဲ့ ကဗျာဆရာဆုပန်ပါလို့ မောဟ
ဒီဘဝ ဒီခန္ဓာ ဒီကဗျာ ဒီကမ္ဘာ ဒီအဆုံးမဲ့စကြဝဠာ ဒေါသ
တောက် တစ်ချက် စာရွက်ပေါ် ခပ်ပြင်းပြင်း ချရေးပြီးသွားတဲ့အခါ
အရိုင်းဆန်လာသောစိတ်ဟာ လောကဓံပြောင်းဝကို ပါးစပ်ထဲ အပြည့်သွင်းလို့ ခလုတ်ကို ဆွဲလိုက်တယ်
ကမ္ဘာငြိမ်းချမ်းပါစေ သံသရာချုပ်ငြိမ်းပါစေ ပွင့်သောပန်းများမွှေးပါစေ။

မင်းနဒီခ
၎ ဇန်နဝါရီ ၂၀၁၄

No comments:

Post a Comment