Friday, April 8, 2016

အိမ်ထောင်ဦးဇာတ်လမ်း

အိမ်ထောင်ဦးဇာတ်လမ်း

အိမ်ထောင်ဦးဆိုတော့
အိမ်ထောင်ဦးလိုပဲ စခဲ့ကြတာပေါ့
ချစ်ခြင်းမေတ္တာကလွဲလို့
ဘာတစ်ခုမှ မပိုင်ဆိုင်တဲ့ ကောင်လေးနဲ့
ချစ်ခြင်းမေတ္တာက လွဲလို့
ဘာတစ်ခုမှ မပိုင်ဆိုင်ချင်တဲ့ ကောင်မလေးရဲ့ ဇာတ်လမ်း
ဘာတစ်ခုမှ ခမ်းနားစရာမပါဘူးလို့မပြောပါဘူး
ခမ်းနားတယ်ဆိုတာ
တစ်ဦးအပေါ်တစ်ဦးထားတဲ့ သစ္စာ
တစ်ဦးအပေါ် တစ်ဦးထားတဲ့ မေတ္တာတရား
မုန့်တစ်ခုရရင်တောင် ဘယ်တော့မှ ဝေမစားဘူး
သူ့ကို တစ်ခုလုံးကျွေးလိုက်တယ်
နာကျင်စရာဆိုရင်တောင် ဘယ်တော့မှ ဖွင့်မပြောဘူး
ကိုယ့်တစ်ယောက်တည်း ခံစားတယ်
အဲဒီလို သူလည်း အတူတူ
ကိုယ့်အပူနဲ့ ကိုယ် ချစ်ခြင်းတရားကို မွှေးယူကြတယ်
အခုတော့
နွေအတူ မိုးအတူ ဆောင်းအတူ
တစ်မိုးအောက်
တစ်ယောက်ကို တစ်ယောက် နွေးထွေးအေးမြလို့
ကမ္ဘာဦးကတည်းက စတဲ့ အချစ်ဇာတ်လမ်း
ကိုယ့်တရားနဲ့ကိုယ် ခမ်းနားစေခဲ့တယ်။


မင်းနဒီခ
၃ ဧပြီ ၂၀၁၅

No comments:

Post a Comment