အထီးကျန်ဘူတာ
ခွဲခွာခြင်းဆိုတာ
ငါမကြားမိလိုက်တဲ့ ဥသြသံမှန်းသိခဲ့ရင်
ဒီအလံစိမ်းစိမ်းကို ငါထောင်မပြခဲ့ပါဘူး
ချစ်သူ။
အခုတော့ အဲဒီရထားကြီးက
မင်းနဲ့ ငါ့ကို တစ်ဖက်စီထားပြီး
မဆုံနိုင်တော့မယ့် အမှတ်တစ်ခုဆီ ခရီးဆက်
ငါ့ကိုမှ သက်သက်မဲ့ လုပ်ကြံတယ်။
သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ခြားရုံနဲ့
ကိန္ဒရီ ကိန္ဒရာ ချောင်းခြားသလို
သွက်သွက်ခါအောင်ကျခဲ့ရတဲ့ မျက်ရည်စက်များ
နှုတ်ဆက်လက်ပြ
နောက်တစ်ခါပြန်မရနိုင်တော့တဲ့ အနမ်းနေ့စွဲများ
အိုမိုဒီဂလီယာနီ ရဲ့ သတို့သားနဲ့
သတို့သမီးပန်းချီကားဆီက
တမင်သက်သက်လှောင်ရယ်ဟားတိုက်သံများ
တဖြည်းဖြည်းနဲ့ ငါ့အကြားအာရုံမှာ
ရထားဥသြသံဟာ ဝေး ဝေးသွားခဲ့
ငါကတော့
တိတ်တိတ်ဆိတ်ဆိတ်ကျန်ခဲ့တဲ့
ဘူတာရုံလေးတစ်ခုအဖြစ်နဲ့သာ။
မင်းနဒီခ
No comments:
Post a Comment