Friday, June 9, 2017

သံစဉ်မဲ့ ပုံရိပ်

သံစဉ်မဲ့ ပုံရိပ်

ကြိုးပြတ်သွားတဲ့ ဂစ်တာတစ်လက်ရဲ့ ရှိုက်သံမှာ
အလွမ်းတွေ ရှိထားကြောင်း
ပြန်မလာတဲ့သူ သိဖို့ကောင်းတယ်
ဇာတ်လမ်းပြောင်းသွားပြီလား
ဒီမှာ
ဒဏ်ရာဟောင်းကို စုတ်တသပ်သပ်
ရင်တစ်ခုလုံးပြုတ်ကျသွားတဲ့အိပ်မက်ကလန့်နိုးခဲ့ရတာတောင်
ကိုယ့်ကိုယ်ကိုယ် သေမှန်းမသိသလိုမျိုးပေါ့
ဆွံ့အနေတဲ့ နှုတ်ခမ်းထက်မှာ
သီချင်းတွေက ဆိုလို့ကောင်းတုန်း။

မင်းနဒီခ

ပန်းအလင်္ကာ၊ ၂၀၁၆

No comments:

Post a Comment