ရုပ်သေး
လမ်းခွဲတော့လဲ
ဒီနှုတ်ခမ်းပဲ
နမ်းခဲ့တော့လဲ ဒီနှုတ်ခမ်းပဲ
မင်းကတဲ့
ဇာတ်လမ်းမှာ
ငါက
မင်းကြိုးဆွဲရာ အရုပ်
မင်းလုပ်သမျှ
ငုံ့ခံ
တုန့်ပြန်စရာ
စကားမရှိ
မော့ကြည့်တဲ့
မျက်လုံးမှာတောင်
မျက်ရည်တွေ
စိုနေမှတော့
အလွမ်းတွေ
သက်သေပြနေလဲ အပိုပါပဲ
မင်းစေရာ
မင်းအလိုကျ
မင်းကတဲ့
ဇာတ်မှာ
ကြိုးအဖြတ်ခံရတဲ့
အရုပ်ကလေးလို
ငုတ်တုတ်လေးပဲ
နေခဲ့မယ်
မင်းနဒီခ
No comments:
Post a Comment