Friday, June 9, 2017

မိုးကြောက်သူ

မိုးကြောက်သူ

ကြယ်ကြွေသံ တလက်လက်ကြားတယ်
အမှောင်မလာခင် လမ်းခွဲကြစို့
မနက်ဖြန်လည်း ဒီအတိုင်းပဲလား
ကိုယ့်အလွမ်းကိုယ်ထမ်းပြီး ပြန်ရလွန်းလို့
နှလုံးသားလည်း ခါးနာနေပြီ
တကယ်ဆို
အိမ်ပြန်ချိန်ဟာ နွေရာသီပဲပေါ့
ဝါကျင်ကျင်သစ်ရွက်တွေ ရင်နဲ့အပြည့်
အလွမ်းတွေ ငွေ့ရည်ဖွဲ့ရင်
ငါ့မျက်ဝန်းမှာ တိမ်ထူလိမ့်မယ်
မိုးရာသီမရောက်ချင်ဘူး

မင်းနဒီခ

Fashion Image Magazine

No comments:

Post a Comment