Sunday, June 18, 2017

သူငယ်ပြန်မိုး

သူငယ်ပြန်မိုး

ညီမလေးရေ
လူခြေတိတ်မှ မိုးက ခိုး ခိုးရွာသလို
မငိုတော့ဘူး ဆိုပေမယ့်
လွမ်းစိတ်က စို့ စို့ စိုတယ်။
သံသရာအဆက်ဆက်ဝဋ်ကြွေးနဲ့
လေးကြောင်းမျဉ်းလေးပေါ် ရေးထားတဲ့ ချစ်ခြင်းတရားလို
မလှပခဲ့ဘူးဆိုရင်တောင် သတ်ပုံမှန်ခဲ့တယ်
မဝိုင်းစက်ခဲ့ဘူးဆိုရင်တောင် ညီညာခဲ့ပါတယ်။
ဒီလိုပါပဲ
သတိရစိတ်တွေ သည်း သည်းလာတိုင်း
ရွာနေတဲ့ မိုးကို လက်နဲ့ ခံ
ပါလာတဲ့ မိုးစက်မှာ
မင်းမျက်နှာလေးကို ရှာကြည့်လိုက်တယ်
ပြန်အိပ်ပါတော့ အလွမ်းရယ်။
ငါတို့
ဝေးခဲ့ကြပါတယ်။

မင်းနဒီခ
၎ အောက်တိုဘာ ၂၀၁၃

No comments:

Post a Comment