Friday, June 9, 2017

ရည်းစားစာ

ရည်းစားစာ

ဝေ့ဝေ့၀ဲဝဲ သပ်တင်လိုက်တဲ့ ဆံနွယ်တွေကြားမှာ
ဘ၀တစ်လုံးညွတ်ပါသွားမယ်လို့ မတွေးမိဘုး
ငါက
ဘယ်သူမှ မဖမ်းဘဲ အမိခံလိုက်ရတဲ့ သားကောင်
သံယောဇဉ်ဆိုတာ နှလုံးသားကို ထောင်ဖမ်းတဲ့ ကျော့ကွင်း
ရင် ရင်ခြင်း အလင်းပြန်မယ့်နေ့ကို စောင့်မယ်
လွမ်းလို့ ကြွေသွားတဲ့ ကြယ်ကို မြင်ဖူးသလား
မပွင့်သေးတဲ့ ပန်းမို့ စိတ်ကူးနဲ့ နမ်းနေရတာပဲ အခါခါရှိပြီ
မျက်ဝန်းနဲ့ စာပို့လိုက်တာပါ
ကျေးဇူးပြုပြီး
ငါ့ကို ချစ်ရင် ချစ်တယ်မပြောပါနဲ့

မင်းနဒီခ
သရဖူ မဂ္ဂဇင်း
အောက်တိုဘာ၂၀၀၆ 

No comments:

Post a Comment