Sunday, June 18, 2017

အေးမြ

အေးမြ
အေးမြ
ဆံပင်ရှည်ရှည်လေးကို နှစ်ဖက်ခွဲစည်းထားတာ
ညိုညက်ညက်ပါးပြင်ပေါ်ပါးကွက်ပါးပါးလူးထားတာ
အေးမြ
ပြုံးလိုက်တိုင်း
ကလေးတစ်ယောက်လို ရှင်းသန့်ဖြူစင်လို့
အေးမြ 


ကြည့်လိုက်တိုင်း
ရိုးသားမှုက အထင်းသားပေါ်လွင်လို့
အေးမြ
သူ့အနားရောက်တိုင်း
မြင်သူတိုင်းကို အေးမြစေလို့
အေးမြ
နေ ဘယ်လို ပြင်းပြင်း
နွေ ဘယ်လောက်ပူပူ
ချစ်တဲ့ စိတ်နဲ့ပဲ အေး တယ်
ချစ်တဲ့ စိတ်နဲ့ပဲ မြ တယ်
အေးမြ
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
မမြင်မတွေ့ရဘဲ
နာမည်လေး ကြားလိုက်မိရင်ကို
အေးပြီး မြလို့။
မင်းနဒီခ
၁၉၊ ၂၊ ၂၀၁၆
( မကွေးခရီးစဉ်တလျောက်လုံး ဂရုစိုက်ကူညီပေးခဲ့တဲ့ ညီငယ် အောင်ကိုမြတ်အတွက် လက်ဆောင်ပါ)

1 comment: