ဆောင်းခေတ်ရုပ်ကြွင်း
လရောင် ဝါ လို့
ဆံနွယ်တွေ ဝါ နေတော့တာလား
မလာတဲ့နှင်းကို
ဒီသီချင်းလည်း ဆို မပြချင်ဘူး။
ဆံနွယ်တွေ ဝါ နေတော့တာလား
မလာတဲ့နှင်းကို
ဒီသီချင်းလည်း ဆို မပြချင်ဘူး။
ပျံ့လွင့်လာတဲ့ ညမွှေးပန်းလို
အချစ်ဟာ ရနံ့ကို ပြပြပြီး ပြေးတယ်
အမှောင်ဟာ
အချစ်ဟာ ရနံ့ကို ပြပြပြီး ပြေးတယ်
အမှောင်ဟာ
လရောင်ကို ဘယ်မှာ ၀ှက်ထားခဲ့ပါသလဲ
ညဉ့်နက်လေ အလွမ်းခက်လေ။
ညဉ့်နက်လေ အလွမ်းခက်လေ။
မီးပုံးပျံလို
တအုန်းအုန်းတောက်လောင်ပြီး
အလှပဆုံး ပျံတက်သွားလို့လည်း မရ
ဆောင်းက
အိပ်မက်ကို အချမ်းပေါ့စေတယ်။
ဘယ်မှာလဲ ဘယ်မှာလဲ
နှင်းတွေကြားက နွေးသောလက်တွေ
တစ်ယောက်တည်း လျှောက်ရပေမယ့်
နှစ်ကိုယ်စာ လမ်းမို့ ကျယ်တယ်။
နှင်းတွေကြားက နွေးသောလက်တွေ
တစ်ယောက်တည်း လျှောက်ရပေမယ့်
နှစ်ကိုယ်စာ လမ်းမို့ ကျယ်တယ်။
ကိုယ့်မီးစာနဲ့ ကိုယ်ရင်ငွေ့လှုံရင်း
ကိုယ့်နှုတ်ခမ်းကိုယ်သာ ဖိဖိကိုက်နေရ
ပြန်ကျလာတဲ့ မီးပုံးပျံလေးကျမှ
ကိုယ်ပဲ ဖြစ်နေရ။
မပြယ်ပါနဲ့ အလွမ်းရေ
ဆောင်းချမ်းချမ်း မချမ်းချမ်း
နှလုံးသားနဲ့
ဒီရာသီလေးကို ထမ်းထားပါ့မယ်။
အစွဲအလန်းနဲ့
သံသရာမြူနှင်း ထူချင်လို့။
မကြွေပါနဲ့
မေ့မျက်ရည်
အနမ်းတစ်ခန်း
အလွမ်းတစ်ခန်း
ပါးတစ်ခြမ်းနဲ့
ဒီချစ်ခြင်းကို
ထားခဲ့ပါမယ်။
သံသရာအဆက်နဲ့
ဒီအပူကို
တစ်ခန်းမရပ်ချင်လို့။
စို့နေတဲ့
မျက်တောင်ရိပ်က နှင်း
အခု
ဘယ်ကို
ကြွေဆင်းရမလဲကွယ်
မောင်နိုင်လင်း(ကောလင်း)၊
မင်းနဒီခ
၁၇၊ နိုဝင်ဘာ၊
၂၀၁၃
မနက် ၁ နာရီ ၂၅
မိနစ်
No comments:
Post a Comment