Friday, June 9, 2017

သတ္တမမြောက် မျက်မမြင်ပုဏ္ဏား

သတ္တမမြောက် မျက်မမြင်ပုဏ္ဏား

အချစ်က ကြိုးတစ်ချောင်းနဲ့ တူတယ်
မပြေးနိုင် မရုန်းနိုင်အောင် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့
ကြိုးလေးတစ်ချောင်းပေါ့။

အချစ်က နံရံတံတိုင်းကြီးနဲ့ တူတယ်
မထိုးဖောက် မကျော်လွှားနိုင်အောင် မြင့်မြင့်မားမားကာရံထားတဲ့
တံတိုင်းကြီးတစ်ခုပေါ့။

အချစ်က ယပ်တောင်ကြီး တစ်ချောင်းနဲ့တူတယ်
နွေလယ်ညရဲ့ ပူလောင်ပြင်းပြမှုတွေကို အေးမြသွားစေနိုင်တဲ့
ယပ်တောင်ကြီး တစ်ချောင်းပေါ့။

အချစ်က တိုင်လုံးကြီးတွေနဲ့ တူတယ်
နှလုံးအိမ်လေးကို မယိုင်မလဲအောင် တည့်မတ်ထောက်ကူပေးထားတဲ့
ချစ်စရာ တိုင်လုံးကြီးတွေပေါ့။

အချစ်က မြွေတစ်ကောင်နဲ့တူတယ်
လျှာနှစ်ခွနဲ့ ဘယ်တော့မှ ဖြောင့်တန်းစွာ သွားလို့မရတဲ့
မြွေဆိုးလေးတစ်ကောင်ပေါ့။

အချစ်က လှံတစ်ချောင်းနဲ့တူတယ်
ရင်တစ်ခုလုံးစူးနစ်နာကျင်နေစေပေမဲ့
ဘယ်လိုမှ နှုတ်မပစ်ရက်တဲ့ လှံချွန်ချွန်လေးတစ်ချောင်းပေါ့။

မဟုတ်ဘူး မဟုတ်ဘူး
အချစ်ဆိုတာ အင်မတန် လေးလံလှတဲ့ ၀န်ထုပ်ဝန်ပိုးနဲ့
ပြည့်သိပ်နံစော်နေတဲ့ အမှိုတ်အိတ်တစ်လုံးသာ ဖြစ်တယ်
လွင့်ပစ်လိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
ထွက်ကျလာတဲ့ ဒုက္ခ၀န်ထုပ်ဝန်ပိုးတွေကြားမှာ
တစ်စထက် တစ်စကျေနပ်ယဉ်ပါး
နောက်ဆုံး
ကိုယ့် ကိုယ်ကိုယ် ကြည်နူးစွာ စတေးပေးလိုက်ရတယ်။

မင်းနဒီခ
Fashion Image Magazine



No comments:

Post a Comment