အလွမ်းသစ်ပင်
နွေရာသီအလွမ်းဖွဲ့တွေနဲ့
လေမတိုက်ဘဲ
ကြွေကျသွားတဲ့ သစ်ရွက်လေးပါ
ငါ့ရဲ့ ရေသောက်မြစ်လေးရေ
ငါတို့
ဘယ်လိုပြတ်တောက်မှုမျိုးနဲ့ ဝေးကွာခဲ့ပါသလဲ
မဆုံနိုင်ခြင်းမှာ
ဓါးတစ်လက်ပါမှန်းသိခဲ့ရင်
ငါ့အချစ်ကို ဓါးအိမ်ထဲက ဆွဲထုတ်ဖြစ်မှာ
မဟုတ်ဘူး
အခုတော့
တစ်ရက်ပြီး တစ်ရက်
စုတ်ဖြဲခံလိုက်ရတဲ့ ပြက္ခဒိန် စာရွက်လေးလို
ငါက
အရိပ်ခိုပြီး အခက်ချိုးခံလိုက်ရတဲ့ သစ်ပင်
အဖော်မဲ့ လွင်ပြင်မှာ
လွမ်းစိတ်နဲ့ပဲ အသက်ရှင်တယ်
မင်းနဒီခ
No comments:
Post a Comment