Friday, June 9, 2017

ဘုံကြိုးပြတ်အိပ်မက်

ဘုံကြိုးပြတ်အိပ်မက်

ညတစ်ခုလုံးစတေးခံမက်ခဲ့ပြီးမှ
ဘုံကြိုးပြတ်ခဲ့ရတဲ့ အိပ်မက်လေးပါ
ရင်ကွဲပက်လက်အော်ခေါ်နေလည်း
မိုးလင်းရုံကလွဲပြီး မတတ်နိုင်တော့
အဲဒီလို ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ပြီး ပြန်လာခဲ့ရတဲ့ ညနေတွေ
အနမ်းဆိုတာ သတိရတိုင်းခြောက်တတ်တဲ့ တစ္ဆေလား
တွန့်ကြေနေတဲ့ အိပ်ယာထက်မှာ ရင်နာစရာအပြည့်
ကြေကွဲခြင်းက တမြေ့မြေ့လှိုက်စား
ပြီးပါပြီစာတန်းထိုးထားပေမယ့်
လွမ်းတဲ့စိတ်က
ဘယ်လိုချော့ချော့ အငိုမတိတ်တော့ဘူး။

မင်းနဒီခ

Empress Magazine

No comments:

Post a Comment