Friday, June 9, 2017

အဖြူရင့်ရင့် နှင်း

အဖြူရင့်ရင့် နှင်း

နှင်းက နှင်းလိုမဖြူတော့
အလွမ်းက ဘယ်လိုချော့ချော့ အိပ်မပျော်ဘူး။

မျက်လုံးတွေ ပိတ်ထားလည်း မြင်တယ်
နားတွေ ပိတ်ထားလည်း ကြားတယ်
အမြင်နဲ့ အကြားဟာ
အာရုံမှာ ဘာဖြစ်ဖြစ်သူ့အရိပ်ပဲ ထင်နေတုန်း
ရယ်သံတွေ ဆိတ်သုဉ်းခဲ့ပြီလား
အပျော်တွေ ပျောက်ဆုံးသွားပြီလား။

ညဟာ
သတိရစိတ်နဲ့ သွဲ့သွဲ့လေးလင်းနေတယ်
နှင်းက
သနားစိတ်နဲ့ ရို့ရို့လေးကျနေတယ်
အဖြူရင့်ရင့် နှင်း
ခြောက်ခြားအိပ်မက်ဆီ
တခါပြန်ချဉ်းနင်းဝင်ရောက်ခဲ့ပါပေါ့။

မင်းနဒီခ
၁၅.၁.၂၀၁၃



No comments:

Post a Comment