ပျော်ရွှင်ခြင်း အိမ်
အချစ်ရေ
လာ
အိမ်လေးတစ်လုံး ဆောက်ရအောင်
အင်ဂျင်နီယာ မလိုဘူး
လက်သမား ပန်းရန် မလိုဘူး
တို့နှစ်ယောက် အတူတူဆောက်ပြီး
တစ်မိသားစုလုံး နေကြမယ်
လေဒဏ် မိုးဒဏ်ထက်
လောကဓံကို လုံအောင်မိုးမယ်
ချစ်ခြင်းတရားထက် ခိုင်ခံ့တဲ့
မေတ္တာတရားနဲ့ အခိုင်အမာ အုတ်စီမယ်
အိမ်ရှေ့မှာ ရာသီအလိုက်ပွင့်တဲ့ ပန်းတွေနဲ့
အိမ်ထဲမှာ လတ်ဆတ်သင်းပျံ့နေတဲ့ လေညှင်းရနံ့နဲ့
ပျော်ရွှင်ခြင်းကို နံရံမှာ ဆေးအထပ်ထပ်သုတ်
နားလည်မှုကို ဧည့်ခန်းမှာ ချိတ်လို့
ခြံဝင်းထိပ်မှာ ဆိုင်းဘုတ်ကလေး ရေးထားမယ်
`ဤအိမ်သည်
လာ
အိမ်လေးတစ်လုံး ဆောက်ရအောင်
အင်ဂျင်နီယာ မလိုဘူး
လက်သမား ပန်းရန် မလိုဘူး
တို့နှစ်ယောက် အတူတူဆောက်ပြီး
တစ်မိသားစုလုံး နေကြမယ်
လေဒဏ် မိုးဒဏ်ထက်
လောကဓံကို လုံအောင်မိုးမယ်
ချစ်ခြင်းတရားထက် ခိုင်ခံ့တဲ့
မေတ္တာတရားနဲ့ အခိုင်အမာ အုတ်စီမယ်
အိမ်ရှေ့မှာ ရာသီအလိုက်ပွင့်တဲ့ ပန်းတွေနဲ့
အိမ်ထဲမှာ လတ်ဆတ်သင်းပျံ့နေတဲ့ လေညှင်းရနံ့နဲ့
ပျော်ရွှင်ခြင်းကို နံရံမှာ ဆေးအထပ်ထပ်သုတ်
နားလည်မှုကို ဧည့်ခန်းမှာ ချိတ်လို့
ခြံဝင်းထိပ်မှာ ဆိုင်းဘုတ်ကလေး ရေးထားမယ်
`ဤအိမ်သည်
ပျော်ရွှင်ခြင်းတရား၏ အရိပ်အောက်တွင်
ရှိသောကြောင့်
လာရောက်သူအားလုံး
ပျော်ရွှင်ကြည်နူးစေ´ပေါ့
မင်းနဒီခ
၂၊ ၁၀၊ ၂၀၁၆
၂၊ ၁၀၊ ၂၀၁၆
No comments:
Post a Comment