Friday, June 9, 2017

ရင်ဝေးဆောင်း

ရင်ဝေးဆောင်း

နှင်းတွေ မိုးလို ရွာလို့ ကောင်းနေဆဲ
ဆောင်းကအငြိမ်
အနွေးထည်မ၀တ်ဘဲ
လမ်းပေါ်ရပ်နေတဲ့ လမ်းမီးတိုင်က မချမ်းဘူး
အိမ်ကလေးထဲ
ငါ့အလွမ်းနဲ့ ငါသာ ခိုက်ခိုက်တုန်
စောင်အထပ်ထပ်ခြုံလို့တောင်
ရင်ငွေ့ မလုံတော့တဲ့ည
မ . . . . ရေ
မ. . . .မရှိတဲ့ ဆောင်းလေ
အရိုးကွဲအောင် ချမ်းတာပဲ

မင်းနဒီခ


No comments:

Post a Comment