Friday, June 9, 2017

ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်

ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်

ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်မှာ မျက်ရည်မပါဘူး
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်မှာ အလွမ်းမပါဘူး
သမားရိုးကျဇာတ်လမ်းထဲက ခွဲထွက်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်ဟာ
အချစ်နဲ့ အနမ်း တစ်ခန်းပြီး တစ်ခန်းဆက်လို့။

ဇာတ်လမ်းရဲ့ အဓိကလှည့်ကွက်က
၁၄ လ ၁၄ ရက် ၁၄ နာရီ
ချောကလက် နှင်းဆီနဲ့ ပို့စကဒ်လှလှလေးတစ်စောင်ဟာ
ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေပဲပေါ့။

`မျက်လုံးကလေးမှိတ်ပြီး ခေါင်းလေးမော့ထားပါ´
ဇာတ်ဝင်သီချင်းဆုံးသွားတဲ့အခါ
ချစ်သူ့ပါးပြင်ဟာ
ပန်းနုရောင်နှင်းဆီတစ်ခင်းဖြစ်လို့။

ကျေးဇူးပြုပြီး
ကျွန်တော့်အတွက် လက်မှတ်နှစ်စောင်ပေးပါ
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်မှာ အလွမ်းမပါဘူး
ဖေဖော်ဝါရီ ၁၄ ရုပ်ရှင်မှာ မျက်ရည်မပါဘူး။


မင်းနဒီခ
Fashion Image Magazine

No comments:

Post a Comment