Friday, June 9, 2017

ဖေဖော်ဝါရီ ၁၄ သစ်ပင်

ဖေဖော်ဝါရီ ၁၄ သစ်ပင်

လောကဓံအထုအထောင်းကြားက
ချစ်ခြင်းတရားနဲ့ တိုးထွက်လာတဲ့ သစ်ပင်လေးပါ
ဘယ်ပန်းပွင့် ပွင့် မွှေးမြစေ
ဘယ်အသီး သီးသီး ချိုမြိန်စေ
အလွမ်းနဲ့ မျက်ရည်ဆိုတာ
ဖေဖော်ဝါရီ ၁၄ သစ်ပင်က ခြွေချထားတဲ့ သစ်ရွက်
မနီးစပ်ခြင်းဆိုတာ
ဖေဖော်ဝါရီ ၁၄ သစ်ပင်က နမ်းရှိုက်ခွင့်မပြုတဲ့ လိပ်ပြာ
အမုန်းဆိုတာ
ဖေဖော်ဝါရီ ၁၄ သစ်ပင်ကို မလှုပ်ခတ်စေနိုင်တဲ့ မုန်တိုင်း
ကဗျာတစ်ပုဒ်လို နှိုင်းရရင်
လရောင်က ညကို တယုတယထွေးပွေ့ထားသလိုမျိုး
လေပြည်က ပန်းပွင့်ကို ခပ်တိုးတိုးလေး နမ်းရှိုက်လိုက်သလိုမျိုး
ရင် ချင်းဆက် အနမ်းနဲ့ တစ်ခန်းပြီး တစ်ခန်းဆက်
ဖေဖော်ဝါရီ ၁၄ သစ်ပင်အောက်မှာ
ထာဝရအသက်ထက်
အ မှတ် ရ စေ။

မင်းနဒီခ



No comments:

Post a Comment