အိမ်ကလေး
အိမ်ကလေးက
အိမ်ကလေးတွေ ဆောက်တယ်
အိမ်ကလေးမှာ အိမ်ကလေးတွေ အများကြီး
အိမ်ကလေးမှာ ရင်ဘတ်တစ်စုံပါပြီး
အိမ်ကလေးမှာ အတောင်ပံတစ်စုံပါတယ်
အိမ်ကလေးရဲ့လက်က စိုက်ပျိုးထွန်ယက်နေချိန်မှာ
အိမ်ကလေးရဲ့ အတောင်ပံတွေက
အပျံသင်ကျင့်နေတယ်
အိမ်ကလေးက အိမ်ကလေးထဲက
ထွက်ပြီး ကဗျာရေးတော့
အိမ်ကလေးက အိမ်ကလေးထဲ
ထွက်ပြီး အဝေးပြေးကားမောင်းတယ်
အိမ်ကလေးက အိမ်ကလေးအတွက်
စာတမ်းတစ်စောင်ပြုစုနေချိန်မှာ
အိမ်ကလေးက
အိမ်ကလေးမဆောက်ဘဲ ဆယ်တန်းတဘုန်းဘုန်းကျတယ်
အိမ်ကလေးက သစ္စာနီရဲ့
ဗုံးမြှပ်ထားတဲ့ နှင်းဆီကို နမ်းပြီး
အိမ်ကလေးက မန်ချက်စတာ
ယူနိုက်တက်ကို အားပေးတယ်
အိမ်ကလေးက
ပုတီးတစ်ပတ်စိပ်ပြီးချိန်မှာ
အိမ်ကလေးက
အကြီးတစ်လုံးကိုင်ပြီးနေပြီ
အိမ်ကလေးနဲ့ အိမ်ကလေးဟာ
အင်တာနက်လို ချိတ်ဆက်ထားတယ်
အိမ်ကလေးနဲ့ အိမ်ကလေးဟာခြေထောက်တွေတူပေမဲ့
လမ်းတွေ မတူဘူး
အိမ်ကလေးက အိမ်ကလေးကို
နောက်တစ်ထပ်မြှင့်ဖို့ စဉ်းစားနေချိန်မှာ
အိမ်ကလေးရဲ့ ခေါင်မိုးက
မိုးတစ်ပေါက်ပေါက် ယိုတယ်
အိမ်ကလေးက မိုးရွာတုန်း
ရေခံနေချိန်မှာ
အိမ်ကလေးရဲ့ ခြေတိုင်တွေက
ရေမြှပ်နေပြီ
အိမ်ကလေးမှာ အိမ်ကလေးပဲ
ကျန်တော့တယ် ဆိုပေမဲ့
အိမ်ကလေးမှာ အိမ်ကလေးတွေ
အများကြီး
အိမ်ကလေးရဲ့ ရင်ဘတ်တစ်စုံဟာ အိမ်ကလေးရဲ့ အတောင်ပံတစ်စုံဖြစ်ပြီး
အိမ်ကလေးရဲ့
အတောင်ပံတစ်စုံဟာလဲ အိမ်ကလေးရဲ့ ရင်ဘတ်တစ်စုံသာဖြစ်တယ်
အိမ်ကလေးက ခံစားတယ်
လွမ်းတယ် ငိုကြွေးတယ်
အိမ်ကလေးမှာ အိမ်ကလေးတွေ အများကြီး
အိမ်ကလေးက အိမ်ကလေးဆိုပြန်ဖို့စဉ်းစားတယ်
ဒါပေမဲ့ အိမ်ကလေးမှာ အိမ်ကလေးမရှိတော့ဘူး။ ။
မင်းနဒီခ
No comments:
Post a Comment