မန္တလေး
လေးထောင့်စပ်စပ်ရွေ့တယ်
အလယ်ခေါင်တည့်တည့်မှာနေတယ်
အဆုံးကပြန်စရင်
ဘယ်တော့မှ ဆုံးမှာ မဟုတ်တော့
မြို့ရိုးကို
အနီရောင်ခြယ်လိုက်
ကျုံးရေကို
အပြာရောင်ခြယ်လိုက်
အောက်ခံမြေသားအ၀ါ
အခု
မြို့ဟာ
မရင်းနှီးတဲ့
သူစိမ်းတွေနဲ့ နေသားတကျဖြစ်လို့
မင်းနဒီခ
ရုပ်ရှင်တေးကဗျာ၊ ဇူလိုင်၊ ၂၀၁၂
ရုပ်ရှင်တေးကဗျာ၊ ဇူလိုင်၊ ၂၀၁၂
No comments:
Post a Comment