Ego ခရီးသွားနေသည် ago.
သွေးနွေးသတ္တဝါတစ်ကောင်မဟုတ်
ပေမယ့် စိတ်လှုပ်ရှားမှုဟာ ငါ့ရဲ့ အေးခဲနေ တဲ့ သွေးတွေကို နွေးစေတယ်။
ဤခရီးနီးနီးဝေးဝေး ရထားကတော့ အရှည်ကြီးမှ အရှည်ကြီး။ တမျှော်တခေါ် ကွင်းပြင် ကြီးထဲ
ဟာ ဟေ့လူ အဲဒါ ဆရာ ဝင်းမြင့် စာသားလေ။ မှားတဲ့အခါလည်း မှားပေမပေါ့ ဦးရှံစားရေ
လို့ ကတွတ်ပီပြောလိုက်သေး သလား မသေးမျှင်။ ဥတုရာသီဟာ တောကိုမှီရင်း ညွှတ်
ညွှတ်ကျလာတယ် ။ တောတောင်လျှိုမြောင်တွေရဲ့ စိမ်းစိုလှပမှုက ကင်မရာတဖျတ်ဖျတ်ရိုက်နေတဲ့
ဇိနစစ်စစ်တစ်ယောက် လောက် ငါ့ကို မဆွဲဆောင်နိုင်ခဲ့။ သူကင်မရာဆွဲထုတ်လိုက်ပုံ ကိုက
ခွဲစိတ်ပါရဂူကြီး ဓါးတစ်လက် ထုတ်လိုက်သလို။ ဖလက်ခ်ျတစ်ချက်ပွင့်လိုက် တိုင်း
ငါ့ရင်ထဲ တထိတ်ထိတ်ဖြစ်ရ။ သွေးတဖျတ်ဖျတ် တိုးရ။ နောက်ဆုံးကျ ရထားက ငါ့ကိုချပြီး
သူ့ခရီးသူဆက်သွားတယ်။ တကယ်တမ်းကျတော့ ငါက ငါ့အိမ်မှာ ငါ့ သမီး
လေးကို ပွေ့ချီလို့။
ငါ့ဇနီးကိုလက်တွဲလို့။ ငါဟာ ခရီးစဉ်တစ်ခုလုံးအနိုင်ရလိုက်သလို။
နေအေးပြုံးသလို
မထီပြုံးလေးနဲ့။ ကောက်ရတဲ့ ထီလက်မှတ်ဆုကြီးပေါက်သလို။ ငါ့ အိတ်ကို လာဆွဲတဲ့လူနောက်
တကောက်ကောက်လိုက်ခဲ့တယ်။ လက်မှတ် စစ်တွေ
ရောက်လာခင် လက်မတင်လေး။ အအေးခန်း ပေးပါ။
အထက်ပိုင်းရာသီဥတု က ကျွန်တော့်အတွက် မလုံလောက်လို့ပါ။ ခြင်ပေါပေါ
ကြမ်းပိုး များများ အခန်းတစ် ခန်းပေးပါ။ အဲဒီအခန်းဟာ သတိရခြင်းကို
အခါမလပ်ဖြစ်ပေါ်စေ လို့ပါ။ဒေါက် ဒေါက်
ဒေါက် ဒေါက် ဒေါက်ဒေါက်ဒေါက် ။ တံခါးခေါက်သံဟာ
အပေါ်က လာပြီး အောက်မှာ ဆုံးတယ်။ နံရံပေါ်က အပြုံးဟာ ဘယ်လို ရယ်သံလဲ ။လှေခါး ထစ်ပေါ်
နင်းတက်လာ တဲ့ ခြေသံဟာ အရိပ်မပါဘူး ဆိုရင် ညကြီးမင်းကြီး ထပြီး ထိုင်နေ
တစ္ဆေကိုယ်တိုင်ဟာ ကဗျာဆရာ/မကြီး ကြည်အေးပေါ့။ ငါ့လျှာမှာ ထွန်ကြောင်း အရစ်ရစ်
တဆစ်ဆစ် နာကျင်ဖူးယောင် ဒါ ဖော်ဝေးပေါ့။ အဖော်ဝေးပေါ့ တစ်ယောက် တည်း အထီးကျန်။
မျက်လုံးနဲ့ စာအုပ်ကိုပိတ်လိုက်တယ်။ အလွမ်းဟာ ကုတင်ပေါ်မှာ ကိုယ်ထင်ပြလို့။
ခရီးထွက်ဖို့ပြင်နေတယ်။ မနက်ဖန်ခင်ဗျား အိမ်ပြန်ရောက်မှာလား။
မင်းနဒီခ
၁၇၊ ၁၂၊ ၂၀၁၂
မင်းနဒီခ
၁၇၊ ၁၂၊ ၂၀၁၂
ရယ်စရာ၊ ဧပြီ၊ ၂၀၁၃
No comments:
Post a Comment