နွေရာသီဇာတ်ညွှန်း
နွေက
နေထက်ပူလို့
တံလျပ်တွေ
တဖျတ်ဖျတ်လူးနေတဲ့ လမ်းမများ
နံရိုးအပြိုင်းအရိုင်း
သစ်ပင်အောက်က
ဖြူဖတ်ဖြူလျော်သစ်ရွက်ခြောက်တွေ
တစ္ဆေတစ်ကောင်
လမ်းလျှောက်သလို ရှပ်တိုက်လွင့်မျော
ဘယ်လိုမှ
အိပ်မပျော်သော ရောဂါ
နေရထိုင်ရတာကိုက
ချော်ရည်တစ်ထပ် ငရဲတစ်ထပ်
ပင်လယ်က
သူ့သက်ပြင်းကို
တစ်ဝက်တိတိမှုတ်ထုတ်လိုက်ပြီ
မနက်ဖြန်အတွက်တော့
မိုးတစ်ကြိမ်
နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပါတယ်
မင်းနဒီခ
No comments:
Post a Comment