ကဗျာပြီး ကဗျာ ကဗျာဟာလည်နေတယ် ကမ္ဘာအတိုင်း တစ်ပတ်ပြီး တစ်ပတ်
ပွင့်ပြီး ပြီးရောပေါ့ ဒီလိုရေးလိုက်ရင် ကိုချော( သူများတွေ ခေါ် သလို) ကို စော်ကားရာများ ကျနေ မလား လက်နဲ့ ရေးဖို့ ကြိုးစား ခဲ့/ဖူး/ကြည့်/လိုက် ပါတယ် ခြေနဲ့ ဖျက်ဖျက် ဘာနဲ့ဖျက်ဖျက် စီးနေ တဲ့ မြစ်မှာ
( ဟာ ဒါစကားအဟောင်းကြီး)ဘယ်သူရေနှစ်ခါချိုးနိုင်မလဲ ရေများရာ(လုပ်ချလိုက်ပြန် ပြီ) မိုးရွာလည်း
ကံဆိုးမက ဘယ်သွားသွား ထီးက ဟောင်းလောင်းပွင့် (ဒါကျတော့ ဟုတ် သွားပြီ) Open Form သုံးလိုက်တာ
ခေတ်သစ်စနစ်သစ်ရဲ့ ပွင့်လင်းမြင်သာသော ကဗျာ စစ်စစ် (အတုရှိသေးလား ဟေ့လူ ဘယ်လိုခွဲလဲ) ကဗျာဟာ ဘယ်သူ့အတွက်ဆိုတဲ့ ကလီရှေး အသုံး အနှုန်း ( ကဗျာဟာ ဘယ်သူ့ လက်အောက်ခံပဲ ဖြစ်ရမယ်) နဲ့
ခေတ်ပြိုင်ကဗျာရဲ့ လားရာ ဟာ လာရာလမ်းကိုသွေဖယ်လို့ တရွေ့ရွေ့တွားတယ် ကဗျာရေးသူဟာ လက်မလည်အောင် တွေး/ ရေး / မေးနေချိန် ကဗျာဖတ်သူဟာ မျက်စိလည် လမ်းမှား ဝင်္ကဘာ /ထောင်ချောက် / ကမ်းပါး အစွန်း သို့ တဝဲလည်လည် နားလည်သူဟာ မျက်စိကြီးနားကြီးပေါ့ နားမလည်သူဟာ အလိုလိုနေရင်း အနှိမ်ခံလိုက်ရသလို ဟန်ကိုယ်ဖို့ လုပ်ရင်း ရယ်ရယ်ကျဲကျဲ သီအိုရီ တစ်ခုကောက်တံဆိပ်ကပ် မိတ်ကပ်လူး ပေါင်းတင် ဘာအစ်ဇင် ညာအစ်ဇင်ပြောကြား တို့လူမျိုးများ တန်ခိုးထွားသလို လေထွားသလို ကြားကငထွားပဲခါးနာသလိုလို ပစ္စခတ်အခြေအနေ အုတ်ရော ကျောက်ေ ရာ ဈေးကောင်း ရောင်းပန်းလှ မျက်နှာပွင့် (ဟဲ ဟဲ ကိုယ့်လူ Fragmentation တွေ မလိုအပ်ဘဲ သုံးပြန်ပြီ) လမ်းသစ်ကတော့ ကိုယ့်အုပ်စုနဲ့ ကိုယ်ဖောက်ကြတာပေါ့ ( ဘာ ငါတို့က ကိုယ်ထူ ကိုယ်ထ ကွ) နတ်ကရာ မော့တဲ့ကျီး အရက်နဲ့ မြည်းတာကိုက အနုပညာ ရှေ့တန်းမှာ ဘာသာစကားအားသာသူဟာ နေရာရသလား ပြောရင်း ဖျာခင်းထိုင် လက်မှိုင်ချ
ခေတ်သစ် ယဉ်ကျေးမှု အနုပညာမှာ ဦးဆောင်သူဟာ လူငယ်တွေပဲ ဖြစ်ရမယ် (ဒီစကား ဒီလှိုင်းမှာ ကြားဖူးပြီးသား ကိုယ့်ဆရာ) ဘာပဲပြောပြော ရာဇဝင် ရှိတယ် အမေပြောတဲ့ အမောပြေလေး ကဗျာရေးတော့ အရှင်မွေး နေ့ချင်းကြီးဆိုသလို ကိုယ် ရေး/ ရွေးထားတဲ့ ကဗျာကို လွတ်ချလိုက်တာ လေထဲ ဖုန်တထောင်းထောင်း။
မင်းနဒီခ
၇.၄.၂၀၁၃
No comments:
Post a Comment