Friday, April 19, 2013

မိုးခြွေလေညင်း


မိုးခြွေလေညင်း

ရာသီနှင့် မသင့်လို့ မပွင့်ခဲ့ရတဲ့ ပန်းလေးလို
နှုတ်ဆိတ်နေခဲ့ပါတယ်။

လှည့်ထွက်သွားတဲ့ ခြေလှမ်းတစ်စုံဟာ
ကျန်ခဲ့တဲ့ ရင်ထဲက ခြေရာကို သတိမရတော့တောင်မှ
ခင်းထားတဲ့ လမ်းအတွက် ရို့ကျိုးနေဦးမယ့် လမ်းလေ။

သူ မနမ်းလည်း ရှင်ခန်းက မပြတ်နိုင်တော့
ဒီလိုအပူ ဒီလိုအလွမ်းမှာ
ဇာတ်လမ်း ဘယ်လိုသိမ်းရပါ့။

တိုးတိုးလေး ပြောတာကိုပဲ
ကမ္ဘာပျက်သလို ကြားလိုက်တယ်။

အဲဒီနေ့က မိုးတွေ အရမ်းရွာတာပဲ။

မင်းနဒီခ

No comments:

Post a Comment