Thursday, April 11, 2013

အခြား အခြားသော အကြောင်းအရာများနှင့် အခြား


အခြား အခြားသော အကြောင်းအရာများနှင့် အခြား

ခေါင်းတခြား ကိုယ်တခြား နံရံတစ်ဖက်ခြား အရိုးတခြား အသားတခြား လူမျိုးခြား ဘာသာခြားနယ်စည်းမခြားတစ်ယောက်တခြား ယောင်္ကျားဘသား ပျောက်ကျားတွေ
ချုံကြားမှာ လောက်လောက်လားလား တံတိုင်းကြီးခြား စီစီစစ်စစ်ပိုင်းခြား တကွဲတပြားခြားနားခြင်းသီအိုရီ ကမ္ဘာတစ်ဖက်ခြား ဘာသာစကားခြား အဆင့်အတန်းခြား ပကာသနခြား ကောင်လေးနဲ့ ကောင်မလေးကြားမှာ ကိန္ဒရာချောင်းခြား ရေခြား မြေခြား နိုင်ငံခြား ပင်လယ်ရပ်ခြား ဓလေ့ခြား ရိုးရာခြား လက်တလုံးခြား လူ့ဘ၀ဆိုတာ အစချီ ဒဿနခြား အယူအဆခြား လမ်းကြားလေးထဲ ထိပ်တိုက်မတွေ့ခင်အထိ တစ်ယောက်တစ်လမ်းစီခြား နေ့လား
ညလား စားဝတ်နေရေးမှာ မရိုးမသား ရိုးရိုးသားသား မိုးခါးရေခါးခြား အသက်ရှင်တာခြင်းအတူတူ အသက်ရှူတာခြား ကုတင်တစ်လုံးပေါ် အိပ်တာချင်း အတူတူ အိပ်မက်ခြား ဖက်လုံးခြား ပန်းကုံးခြား သုံးဆယ်နှစ်နှစ်ချင်းအတူတူ လူချင်းခြား စိတ်ချင်းခြား တကယ်ဆို ဒါခွဲခြား ခွဲခြားလုပ်တာပဲဆိုတဲ့အထိ ချစ်ခြင်းခြား မုန်းခြင်းခြား ချောင်းကြားမြောင်းကြားမှာ ရပ်တည်မှုခြား ထွက်ခွာရာခြား လူတခြား ထိုင်ခုံတခြား ဟေ့ညီလေး ဘီယာတစ်ဂျား အမြှုပ်တခြား အရည်တခြား
ရေခဲခပ်ပါးပါးနဲ့ ၀ီစကီတခြား ဖန်ခွက်တခြား သောက်လက်စ စီးကရက်က အငွေ့ တခြား လောင်ကျွမ်းမှုတခြား လားရာဟာ လာရာလမ်းနဲ့ခြား ကဗျာတစ်ပုဒ်မှာ အကြောင်းအရာခြား ရည်ရွယ် ချက်ခြား တင်ပြပုံခြား ဖွဲ့စည်းပုံခြား လက်ရေး လက်သားခြား အစခြား အဆုံးခြား အမြင်ခြား အသွင်ခြား အသွားခြား အစားခြား အနေခြား အသေခြား အခြားအခြားသောများစွာဖြင့် ဤကဗျာနှင့်အခြား ။

မင်းနဒီခ

No comments:

Post a Comment