Friday, April 19, 2013

ရွက်ကြွေဇာတ်လမ်း

ရွက်ကြွေဇာတ်လမ်း


ကြွေကျသွားတဲ့ သစ်ရွက်လေးကို ငေးရင်း
ချစ်သူကြားရင် ရယ်မောပါစေတော့ရယ်လို့
သစ်ရွက်ကြွေသံလေးကို အသံဖမ်းထားလိုက်မိတယ်။

ဘယ်လိုဘယ်ပုံဝေးဝေး
ခွဲခွာခြင်းမှာ တမြေ့မြေ့လောင်ကျွမ်းခံလိုက်ရတဲ့အခါ
မမြဲခြင်းဟာ အလိုမတူဘဲ လက်ခံလိုက်ရတဲ့ တရား။

ဆုတောင်းများ မှားခဲ့လေသလားလို့
တစ်နှစ်တိုးလာတဲ့ အလွမ်းကို ကြိုးနဲ့သီရင်း
ဘုရားမှာ ထပ်ခါဆုတောင်းလိုက်ပါတယ်။

နွေဦးရောက်ခဲ့ပါပေါ့
နှင်းပျောက်ခဲ့ပါပေါ့
ရာသီစာအလွမ်းနဲ့ ရွက်ကြွေတေးသံကြားရင်
ချစ်သူပျော်ရွှင်ကြည်နူးနိုင်ပါစေ။
ချစ်သူပျော်ရွှင်ကြည်နူးနိုင်ပါစေ။
ချစ်သူပျော်ရွှင်ကြည်နူးနိုင်ပါစေ။

မင်းနဒီခ
17.1.2013

No comments:

Post a Comment