Friday, April 19, 2013

နွေရာသီဇာတ်ညွှန်း



နွေရာသီဇာတ်ညွှန်း

နွေက နေထက်ပူလို့
တံလျပ်တွေ တဖျတ်ဖျတ်လူးနေတဲ့ လမ်းမများ
နံရိုးအပြိုင်းအရိုင်း သစ်ပင်အောက်က
ဖြူဖတ်ဖြူလျော်သစ်ရွက်ခြောက်တွေ
တစ္ဆေတစ်ကောင် လမ်းလျှောက်သလို ရှပ်တိုက်လွင့်မျော
ဘယ်လိုမှ အိပ်မပျော်သော ရောဂါ
နေရထိုင်ရတာကိုက ချော်ရည်တစ်ထပ် ငရဲတစ်ထပ်
ပင်လယ်က
သူ့သက်ပြင်းကို တစ်ဝက်တိတိမှုတ်ထုတ်လိုက်ပြီ
မနက်ဖြန်အတွက်တော့
မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပါတယ်

မင်းနဒီခ

No comments:

Post a Comment