သားသားလေးလား
မီးမီး
ဘယ်ကနေ
ဘယ်လို သိတယ်သိတယ် အဲဒီကစ 
ဒါကဘ၀တစ်ခုကို
ရိုးရိုးကလေးပဲ တွေးကြည့်တာ ဒါဟာ 
ပြီးတော့
လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က အပ်တစ်စင်း 
အသက်တစ်ချောင်းနဲ့
အသက်တစ်ချောင်းကို ရင်းတဲ့ အလောင်းအစားမှာ 
ငါဟာပွဲကြည့်သူလား  ပွဲသွင်းသူလား
ခင်ဗျားမိန်းမက
တစ်နေ့တစ်ခြား ၀လာတယ်နော် 
နေရင်းထိုင်ရင်း
ပိုပို ၀၊ စားရင်းသောက်ရင်း ပိုပိုဝ၊ ပြောရင်းဆိုရင် ပိုပိုဝ
ဆရာဝန်လေးတော့
ပြကြည့်လိုက်ဦးဆိုလား 
ဘာတွေ
အစားမှားလို့ ဗိုက်ကလေးက တစ်နေ့ထက် တစ်နေ့ ပိုပိုပူ
တစ်ခြားလူတွေကြည့်ရင်
ရှက်လို့ အင်္ကျီကို ဆွဲဆွဲချ
ဖြစ်ပုံက
ဒီလိုလို ဟိုလိုလို ပြန်ပြောပြဖို့ တော်တော်ခက်မယ်ဆိုတော့ 
သိတယ်
သိတယ် အဲဒီလိုပဲ တဲ့။ အဲဒီနေ့က ပြောပါတယ် 
မောင့်ကို
တိုးတိုးလေးပြောစရာရှိတယ်ဆိုတော့ 
ငါ့မှာ
ရုပ်ရှင်ဇာတ်ဝင်ခန်းထဲလိုထခုန်ဖို့ 
ဘောင်းဘီကို
တိုတို ၀တ်ထားရမလို
ပုဆိုးကိုပဲ
ခါးတောင်းမြောင်ကျိုက်ထားရမလို 
မောင်ရေ
အဲဒီလို အဲဒီလိုပဲဆိုတော့ 
ငါ့မှာ
ရယ်ရမလို ငိုရမလို ဘာလိုလို 
နောက်ဆိုရင်
ကလေးအငိုတိတ်အောင် 
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ သားချောတေးကို 
ဆိုရတော့မယ်
ဆိုတော့ ငါ့နားတောင် ငါမယုံ
ငါဖြစ်သွားတဲ့
ပုံက ဟိုအရင်ငါ့အဖေဖြစ်ခဲ့ဖူးတဲ့ပုံအတိုင်း 
အဖေ့
ခြေရာ အဖေသမိုင်းမှာ ငါ့နာမည်ကို စာလုံးဒီဇိုင်းအသစ်နဲ့ ရေးမယ်
ဟုတ်တယ်
အခုကစပြီး ဇာတ်ညွန်းပြောင်းမယ်
မင်းက
မေမေကြီးလုပ်၊ ငါက ဖေဖေကြီးလုပ်မယ် 
ကလေးလေးရေ
မင်းကရော  ဘယ်လိုလဲ သားသားလေးလား မီးမီး။
 
No comments:
Post a Comment