Thursday, April 11, 2013

ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအမျိုးအစား



ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းအမျိုးအစား

အတုအပသတိပြုစာတန်းစာပါရှိတဲ့
ဆင်တူယိုးမှား တစ်ခုခုရောင်းရန်ရှိသည်
မရနိုင်မယ့်အတူတူ ဘာပဲဖြစ်ဖြစ်ဆိုတာလိုမျိုး
ပင်အပ်ကလေးတစ်ချောင်းမှသည် လကမ္ဘာသွားယာဉ်တစ်စီးအထိ
ကြိုးစားဖော်ထုတ်ထပ်တူပြုလုပ်ဖန်တီးထားသည့် အသစ်တွေ့ရှိချက်
မိတ်ဆက်ပရိုမိုးရှင်းပွဲ ကံစမ်းမဲထည့်ထားသည် ဆက်ဆက်လာပါ
ပစ္စည်းကောင်းဆေးခိုင်အာမခံ သက်တမ်းဘယ်လောက်မှ
အရည်အသွေးကတော့ ခင်ဗျားပါးစပ်ထဲ ရှိတဲ့အတိုင်း ကိုယ်ရည်သွေးလိုက်ပေါ့
ပါဝင်သည့် ကုန်ကြမ်းအမျိုးအစား သပ်ရပ်သည့် ထုပ်ပိုးမှုစနစ်နှင့်
ယုံကြည်မှုအပေါ် မူတည်၍ ဈေးနှုန်းအနည်းငယ် မြှင့်ထားပါသည်
တုံ့ပြန်လက်ဆောင်အစီအစဉ်အရ
ငွေကျပ်သန်းပေါင်းများစွာ ထည့်ပေးထားသည့် ဗလာမပါစာရွက်အလွတ်များ
လူဦးရေ လူတန်းစား လူမျိုးဘာသာမရွေးသုံးဆောင်နိုင်ရန် စီစဉ်ထုတ်လုပ်မှု
ဆက်ဆက်ပို့ပေးပါရန် စာတိုက်သေတ္တာအမှတ်
အမည် မှတ်ပုံတင် နေရပ်လိပ်စာ သေချာစွာ ရေးသားပေးပို့ရန်
ထပ်မံတိုးမြှင့်ပေးထားသည့် ဘူးခွံနှင့် လက်ဆောင်ပစ္စည်း လဲလှယ်မှု ရက်သတ္တပတ်
ဆုသေးများကို အောက်ပါရုံးခွဲများတွင် ထုတ်ယူနိုင်ပြီး
ဆုကြီးများကို ရုံးချုပ်သို့ တိုက်ရိုက်လာရောက်ထုတ်ယူကြပါရန်
နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ ပုံတူမျိုးပွားမိတ္တူများ
ကျွန်တော်များကုမ္ပဏီမှ အသစ်ထပ်မံထုတ်လုပ်ထားသော ဘာသာစကားကုန်ပစ္စည်းအမျိုးအစား
ဝေဖန်အကြံပြုစာများ ဆက်လက်ရေးသားပေးပို့တိုက်ခိုက်ကြပါရန်
ကမ္ဘာ့ငွေကြေးအပြောင်းအလဲနှင့် ဈေးနှုန်းအတက်အကျ
သုံးစွဲရအဆင်ပြေလျှင် စာဖတ်သူကို ပြောလိုက်ပါ
သုံးစွဲရ အဆင်မပြေလျှင် အသုံးပြုသူ အယ်ဒီတာမင်းကို ပြောပါ
အဲဒီအတိုင်း ဆက်ဆက် တခဲနက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များ
ဝါကျွတ်ကာလ ခရစ္စမတ် နှစ်သစ်ကူးနှင့် သင်္ကြန်အထူးလျော့ဈေးရောင်းပွဲတော်
နောက်ဆုံးပေါ်အရေးအသားကို အရောင်းပြခန်းများမှာ စတင်ချိတ်ဆွဲ ပြသလိုက်ပါပြီ
စားသုံးသူကိုယ်တိုင် ပါဝင်ထုတ်လုပ်ခံစားရရှိကြရမည့် အကျိုးအမြတ်အနာဂတ်
လာ ကိုယ့်တံဆိပ် ကိုယ်ကပ် ရှေ့ဆက်လက်တွဲ သွားရအောင်။        

မင်းနဒီခ

No comments:

Post a Comment