Friday, April 19, 2013

ဘဝ

ဘဝ

သံသရာကို ဖြတ်တိုက်လာတဲ့ လေက
ပူတယ်
ပိတောက်ဖူးလေးတွေလို အပွင့် ပွင့်ပြချင်တဲ့ စိတ်နဲ့
မိုးကို မျှော်ကြပေါ့
ဘယ်သူအငှားချလိုက်မှန်းမသိတဲ့ ကစားကွင်းမှာ
နေ့နေ့ ညည အသက်ရှူမမှားအောင် ကျင့်ကြံရင်း
လောကနေပူပူမှာ
လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ်
အခါနှစ်ဦး သည်တန်ခူးမှာ
တောင်းတဲ့ ဆုများပြည့်ပါစေ

မင်းနဒီခ
၁၂ ဧပြီ ၂၀၁၃

No comments:

Post a Comment