Friday, April 19, 2013

စိတ်ဒဏ်ရာ - ၂



စိတ်ဒဏ်ရာ - ၂

ကလေးတစ်ယောက်ရဲ့ ညတွေကို
ဘယ်လိုအိပ်မက်တွေက သိမ်းပိုက်ထားပါသလဲ
ကိုယ့်ပုံပြင်နဲ့ ကိုယ် အိပ်ယာဝင်ခဲ့သူပါ မေမေရယ်
မိုးချုပ်တော့မယ်
ဖေဖေ ပြန်မလာသေးဘူး
အရက်တစ်ခွက် မျက်ရည်တစ်စက်နဲ့
အေးစက်နေတဲ့ သံယောဇဉ်တွေကြားမှာ
ကျွန်တော်က
ကြိုးနှစ်ချောင်းရဲ့ ဆက်ထုံးလေးသက်သက်ပဲလား မေမေ
ဒီလိုညတိုင်း ဆုတောင်းတွေမှ မဆုံးသေး
ကြယ်တွေ ကြွေတာ မြန်လွန်းတယ်
ငတ်မွတ်နေတဲ့ မေတ္တာတရားကို
ဘယ်လိုအရာနဲ့ လဲပြီး ၀ယ်လို့ရမလဲု
မျက်တောင်တွေ မှေးစင်းလာပြီ
အိပ်မက်ထဲမှာ ဖေဖေနဲ့ မေမေက ရယ်မောလို့
အိပ်မောကျနေတဲ့ ကျွန်တော့်မျက်ဝန်းတွေအောက်မှာတော့
ခေါင်းအုံးလေးက ရွှဲလို့ နစ်လို့
ဒီည
မိုးလင်းမှာပဲ ကြောက်မိတယ်။    

မင်းနဒီခ

No comments:

Post a Comment