Friday, April 19, 2013

အငေး



အငေး

ပျံတက်သွားတဲ့ မီးပုံးပျံလှလှလေးကို ငေးရင်း
ပြုတ်ကျသွားတဲ့ ပလတ်စတစ်ကြိုးလေးကို ပြန်မကောက်မိ
ဗန်ဒါရွက်ပေါ်တင်ဆွဲလာတဲ့ ဖယောင်းတိုင်လေး မီးငြိမ်းတော့မယ်
လေထဲမှာပါလာတဲ့ နှင်းအတွက်
စွပ်ကျယ်လက်ပြတ်ကလေးက ပျော်နိုင်ပါ့မလား
အဝေးပွဲတော်က လွင့်လျှံကျလာတဲ့ ဆိုင်းသံဗုံသံအတွက်တော့
ကာရံမထားတဲ့ တံတိုင်းတွေကိုပဲ ကျေးဇူးတင်လိုက်ပါတယ်

မင်းနဒီခ
စရဏ၊ ဖေဖော်ဝါရီ၊ ၂၀၁၃

1 comment:

  1. ဖြေသိမ့်ရာတစ်ခုတော့ရှိနိုင်ကောင်းရဲ့

    ReplyDelete