Friday, April 19, 2013

နှင်းဆွတ်ဆွတ်လမ်း



နှင်းဆွတ်ဆွတ်လမ်း

ကမ္ဘာတခြမ်းအလည်လွန်ပြန်လာတဲ့  သွေးနုသားနုနှင်းများ
ရွက်ကြွေစီးချင်းတရှပ်ရှပ်လမ်းမအလယ်
ခိုးခိုးခစ်ခစ်တဖွဲဖွဲကြွေကျ
မြက်ပင်လေးမှာ တွဲရွဲခိုနေသော နှင်းရည်တစ်စအတွက်
လျောကျသွားမှာစိုး၍ အသက်ရှူတာကိုပင် ရပ်ထားမိ
နူးညံ့အေးစက်သစ်လာပြန်တဲ့ တဆောင်း
ကမ္ဘာကို ငြိမ်းချမ်းရေးခေါင်းလောင်းထိုးခဲ့ပေါ့

မင်းနဒီခ
ကလျာ၊ ဇန်န၀ါရီ၊ ၂၀၁၃

No comments:

Post a Comment