Thursday, April 11, 2013

ဟိုလိုလို ဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လဲ ခင်ဗျား



ဟိုလိုလို ဒီလိုလို သူလိုလို ကိုယ်လိုလို ပြီးတော့လဲ ခင်ဗျား

ဝင်လေထွက်လေမှာ သတိမမူမိလိုက်သော ရနံ့အေးအေး ဒီအတိုင်းဆက်လက်လိုက်ပါသွားသည် ရောက်လုပြီ ရောက်လု နီးပြီ စိတ်ဓါတ် ကျစရာအနေအထားမှ ထပ်ကျစရာမရှိတော့လောက်အောင် အောက်ခြေ အခြေအမြစ်မှ စတင်ပေါက်ဖွား သင်ရိုးညွန်းတမ်းအတိုင်း စာမျက်နှာတစ်ဆယ့်နှစ်မှ နှစ်ဆယ့်ငါးအထိ တိတိကျကျ ပစ်မှတ်ကို ထိအောင် နောက်ထပ် စထရက်ဂျီတီ ကျကျ တွေး တော စဉ်းစားစရာ အခြားတစ် နေရာမှ တစ်နေရာရာသို့ စပ်ကူး မတ်ကူးလူကူး မျဉ်းကျားမျဉ်းနီမျဉ်းဝါ မီးစိမ်းမှ လမ်းကိုဖြတ်ကူးပါ ဦးခေါင်း ကို ဘယ်ညာ ရှေ့နောက် အထက်နဲ့ အောက်ရွေ့ပါ အရွေ့ တည်နေရာ လတ္တီတွဒ် လောက်ဂျီတွဒ် မျဉ်းကွေးမျဉ်းမတ်များ အတိုင်း လားရာ အချိန်နဲ့ ဒီရေဟာ ဒီနေရာမှာ ဘာကိုစောင့် ဘတ်စကားပေါ်မှာ ရထားပေါ်မှာ ရှောက်သီးဆေးပြားသည်များ ခေတ်ကာလ ပြောင်းလဲရွေ့လျားလာမှုနှင့်အတူ မျိုးတုန်း ပျောက်ကွယ်သွား လာခြင်းနဲ့ ညအခါ လသာသာ ကလေးဘဝကစားစရာ အခြေအနေနဲ့ အချိန်အခါမှာ အခြေခံကျကျ အချက်အချာရှိရှိ မရှိရှိ အခြေအတင် ခြေတော်တင်ခံလိုက်ရတဲ့ ညလေးများ ဆက်သွယ်ပါ တိုင်ကြားပါ တိုင်ကြားမှာ ရောက်ရှိနေသော ဧရိယာဟာ ဆက်သွယ်မှုပြင်ပ အဲဒီလို အတူတကွပူးပေါင်းလုပ်ဆောင်ရန် နေ့ကလေးများ ညလူကြီး များ ထိန်းကျောင်း မတိမ်းမစောင်းနဲ့ ဗိန်းမောင်း တစ်ချက်လောက်တော့ ရွာစား မြို့စား တစ်ခါစားနှစ်ခါပြင် အလှစား အဝမှာစားရင် ဘယ်လောက်နဲ့ သားသတ်လွတ်လား သက်သက်လွတ်လား စားခြင်းဖြင့် တိရိစ္ဆာန်များကို ကြင်နာပါ နာကျင်ပါ  ခိုစာကျွေးပါ ခေါစာပစ်ပါ ရွာကျော် ရပ်ကျော် အမေကျော်နဲ့ ဒွေးဒေါ်လဲလွမ်း တနယ်တခြားက တပြည်သူ မရွှေထားလည်း လွမ်း အခန်းဆက် အနမ်းနဲ့ အပြီး မသတ်နိုင်သေးတဲ့  ဇာတ်လမ်းတွဲတွေ တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ မျက်ရည်တွဲရွှဲ တစ်ခါလာလည်း ဒီပဲနဲ့ ဒီပုတ် အပူရုပ်နဲ့ ဟန်လုပ်ထားတာလည်း အသိသာကြီးမို့ မသိမသာ ပြီးသွားတဲ့ ဇာတ်လမ်းကောင်းကောင်း ဇာတ်အိမ်ခန့်ခန့် ဇာတ်ကွက်ကောင်းကောင်းရမှရိုက်ချင်တဲ့ မင်းသမီး ပေါက်စ လေးနဲ့  ရုပ်ရည်လှလှ နောက်ကြောင်း ရှင်းရှင်း ပြဿနာကင်းမှ ရိုက်ချင်တဲ့ ဒါရိုက်တာလေးအကြောင်း ရော်ရော် ရည်ရည် ရွယ်ရွယ်ရာရာတို့ကတော့ ဒီတစ်လတော့ ဒီမျှသာပါပဲနဲ့ ခင်ဗျားလဲ ဒီနေ့ ကံမကောင်းပါလား ကိုတွတ်ပီ

မင်းနဒီခ
ခရမ်းရိပ် Online မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၂

No comments:

Post a Comment