Friday, April 19, 2013

စိတ်ဒဏ်ရာ



စိတ်ဒဏ်ရာ

သဲကြိုးပြတ်နေတဲ့ ဖိနပ်လေးနဲ့
ကောင်းကင်ကို မော့ကြည့်နေရတာ ညောင်းပြီ
မပိုင်ဆိုင်ခဲ့သမျှ
တစ်ခုစီလွှတ်ချလိုက်ရင် ပြည့်စုံသွားမလား
ကျောတပြင်လုံး ဟီးထနေတဲ့ ဒဏ်ရာတွေ
တစ်ကိုယ်စာ အတောင်အလက်က
ခေါင်းမြီးတောင် မလုံသေးဘူး
ပခုံးပေါ်ပေါက်နေတဲ့ ပန်းကို ဘယ်လိုရေလောင်းမလဲ
ဆုတောင်းမကောင်းတဲ့ ညထဲမှာ
မိုးလင်းမှာ အမြဲကြောက်နေရတဲ့ ငှက်တစ်ကောင်လိုနေထိုင်ရင်း
ဝတ်ထားတဲ့ အင်္ကျီဖြူဖြူလေးတောင်
အရောင်တဖြည်းဖြည်းလွင့်လို့။

မင်းနဒီခ

No comments:

Post a Comment