Friday, April 19, 2013

ခင်ရာမင်ရာ

ခင်ရာမင်ရာ

မသိခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထုဆစ်ခဲ့တယ်
အခုကျတော့
နှိပ်စက်ပြန်ပြီ နှိပ်စက်ကြပြန်ပြီနဲ့
ငါ့ခန္ဓာကိုယ်ကြီးက တစာစာအော်မြည်နေလေရဲ့
ငါဆိုတာ
စက်ဝိုင်းထဲ အကျဉ်းကျပိတ်လှောင်ခံနေရတဲ့သူ
ဒီအယူကို ဘယ်လိုပယ်မလဲ
အစွဲအလမ်းတွေပဲ တစ်လမ်းလုံးစွဲနေခဲ့
ဖြစ်ပြီးပျက်သွားတတ်တဲ့
ဖြစ်ပျက်သဘောတွေနဲ့ပဲ ရင်းနှီးကျွမ်းဝင်နေခဲ့
ကွေးချည်ဆန့်ချည်လက်များ
မိုးမချုပ်မီအတွေးများ
ခင်ရာမင်ရာစွဲလမ်းအားထုတ်ပြီးသည့်နောက်
ဘ၀ဆိုတာ
ခေါင်းပေါ်က ပန်ကာတစ်လက်လိုပဲ
တလက်လက်လည်နေလေတော့တယ်

မင်းနဒီခ
Familly မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၈

No comments:

Post a Comment