Friday, April 19, 2013

မေတ္တာ



မေတ္တာ

အလျားအနံမရှိတာသေချာပြီ
အသွားအပြန်ရှိတာ သေချာပါရဲ့လား
အဖြူဆွတ်ဆွတ်လေးကိုမှ
အဖြူရောင်ထပ်စွန်းထင်းချင်နေတဲ့ဘဝ
ပေးတိုင်းမရသလို
ရတိုင်းလဲ မပေးခဲ့
ဘယ်အချိန်ရောင်ပြန်ဟပ်မလဲ ငေးရင်း
ကိုယ့် ရမ္မက်နဲ့ ကိုယ်
အတ္တမှာ ကိုယ့်နာမည် ကိုယ်ခြစ်
လက်တစ်ဖျစ်စာ ရှင်သန်မှုလေးထဲ
စိတ်ကို ထောင်ဖမ်းတဲ့ ကျော့ကွင်းမှာ
သူဟာ
မျှားတိုင်းမမိတဲ့ ငါးတစ်ကောင်သာဖြစ်တယ်။      

မင်းနဒီခ

No comments:

Post a Comment