လရောင်လွမ်းတေး
အမှောင်မှာ ကြယ်ရောင်ဟာ လက်ကနဲ့ ဖျက်ကနဲ့
တွန်းတင်လိုက်တယ် အလင်း
သီချင်းတွေက တီးဝိုင်းကို သွန်သင်လို့
ကောင်းကင်ကို စိုစေချင်တဲ့ မိုးရေလိုလို
ပြိုလေမှာလား ငိုလေမလား ပိတ်ထားတဲ့အလင်းဟာ
တရွေ့ရွေ့မို့ တနည်း
အခုလို လျှံကျလာတဲ့ နာမ၀ိသေသနတွေထဲ
စုံရေဆန်ရေ အတ္တဟာ လက်မှတ်တချက်ထိုး၍
ကတ္တားဟာ ကံကို ပြောင်းပြန်လှန်လိုက်တယ်
မျက်စိဟာ အမှောင်မှာ စူးစရာ စပါးမွှေးကို ရှာလို့ တစိုက်မတ်မတ်
ရုတ်ရင်းဆန်ခတ် မျက်လှည့်ပြသလို စုန်းတလက်လက်တောက်စား
နက္ခတ်က မှားသလို
မကြွေတဲ့ ကြယ်ဟာ အနာဂတ်ပါဂုဏ်ပြုပန်းတွေနဲ့
ရိုင်ဇိုမက်တစ်လမ်းတွေမှာ လက်သီးလက်မောင်းတန်းကြ
Sin City ထဲ ကပွဲခန်းမဟာ
မီးမှိန်လဲ့လဲ့ပြာပြာအနမ်း တခမ်းတနားဖိတ်ဖိတ်
အိပ်မရတဲ့ ခေတ်ကြီးထဲ စိတ်ကြွဆေးတွေ
တထိတ်ထိတ် တမှိတ်မှိတ်အခန်း
လက်ကနဲ ရောက်လာပြန်သွား
ငြိမ့်ငြိမ့်တွေလိုလား Downtown မရှိတဲ့ သိမှုအမှောင်ဆိုင်ရာတွေအပေါ်
ရုတ်တရက် ဖြိုချလိုက်တယ် ပြိုကျလိုက်တယ်
တအေ့အေ့ တအော့အော့ ခေးအော့စ်
ငယ်ငယ်ကလေးဘ၀ကလို ပြေးဆော့ ည လရောင်ထယ်ဝါ
ထမင်းဆီဆမ်းရွှေလင်းပန်းနဲ့ အချင်းဆေးရ
အထက်ပါအလင်းရှာသီအိုရီ ကိုယ်စီတွေအပေါ်
နိုင်လိုရမ်းယုတ် အတ္တမှာရုပ်ချင်းတူအမွှာတွေရှိသတဲ့
ဆိုခဲ့သလို ဆိုခဲစေလည်း မြဲပေါ့ တရား
ဤခရီးနီးသလား ဘယ်လမ်းကသွားသွားရောက်မယ်
ညဟာ ဒီထက်ပို နက်လာလေခဲ့ပေါ့ တစ်ဖက်ပါ
ကဗျာထဲမှ စာသာအတိုင်း
အဆုံးကို သတ်လိုက်တယ် အလင်းဟာ အမှောင်မှာ
ဘယ်တော့မှ ပြန်မလာတော့ဘူး
မင်းနဒီခ၊
လူလန်း
၁၆၊
၁၀၊ ၂၀၁၂
No comments:
Post a Comment