Friday, April 19, 2013

ရွက်ကြွေဇာတ်လမ်း- ၂


ရွက်ကြွေဇာတ်လမ်း- ၂

မန်ကျည်းပွင့်လေးတွေတလှပ်လှပ်ကြွေကျနေတာကအစ
ကြယ်လေးတွေ တဖြုတ်ဖြုတ်ကြွေဆင်းသွားတာ အဆုံး
တစ်ယောက်တည်း ကြေကွဲနေမိတော့တာပါပဲ
ဝေ့ဝဲလာတဲ့လေတဖြူးဖြူးမှာစံပယ်တွေ ဘယ်လိုနေရှာမလဲ
စီးကျလာတဲ့ အလွမ်းမှာ မျက်ရည်ဟာဘယ်လိုအပူလဲ
ကိုယ့်တရားနဲ့ကိုယ် ချော့သိပ်လိုက်ရပါတယ်
အိပ်မက်ရာသီ တွယ်ရာမဲ့အနမ်း
ရွက်ကြွေဇာတ်လမ်းမဆုံးခင်။ ။

မင်းနဒီခ

No comments:

Post a Comment