Tuesday, April 23, 2013

B 13



B 13

အဖြစ်က အပျက်ကစတာပဲ
ငါ ကိုးတန်းကျောင်းသားနှစ်မှာ မြို့ကို အုတ်တံတိုင်းခတ်လိုက်တယ်
စာသင်ကျောင်းတွေကို ပိတ်လိုက်တယ်
အဲဒီကစပြီး ငါလဲ အမှိုက်ကောက်တဲ့သူ ဖြစ်တာပဲ ပျက်တာပဲ
ငါနာမည်က လီတို ငါ့ညီမက နာမည်က လာရာ
ငါတို့လုပ်နိုင်တာဆိုလို့ ကားတွေကို မီးပုံရှို့တာ
ဒီထက်ပိုတာဆိုလို့ လိုက်ဖမ်းတဲ့သူလက်က လွတ်အောင်ပြေးနိုင်တာ
ငါတို့မြို့မှာဖြစ်နေတာက လူဆိုးက ရဲဟန်ဆောင်တာ
အခု မင်းဖြစ်နေတာက ရဲက လူဆိုးဟန်ဆောင်တာ
ငါသိတာပေါ့ မင်းက လူဆိုးတစ်ယောက်မှာ ရှိသင့်တဲ့ အမုန်းတရားမှမရှိတာ
ငါပြောတာ ငါ့စကားပဲ ငါ့တရားပဲ
ငါလုပ်တာ စာအုပ်တကာနဲ့မညီညွတ်လဲ အမှန်တရားပဲ
မြို့က ဆင်းရဲတာနဲ့ အခွန်ကောက်မရတာနဲ့
ငါတို့ ဘာရိုမြို့ကို ထိန်းလို့မရတော့တာနဲ့ ဘယ်လို
ရှစ်ကီလိုမီတာပတ်လည် လူနှစ်သန်းလောက်ကို သေစေနိုင်တဲ့ ဗုံး
လူတစ်ယောက်ဒေါ်လာနှစ်ဆယ် တန်ဖိုးကိုဘယ်လိုသင့်
ဖြစ်သင့်တာက ဗုံးသယ်လာတဲ့ကားက ပျက်စီးနေရမှာလေ
အခုတော့ ကားကလည်းကောင်း ဗုံးကလည်းကောင်း
မင်းမှာ ဒီထက်ပိုကောင်းတဲ့ အစီအစဉ်ရှိသေးလား
လူသန်ကြီးကို အနိုင်ယူခဲ့တဲ့နည်းလမ်းက ချက်နည်းပြုတ်နည်း တစ်ရာထဲမှာ
လက်ကျန်အချိန်က ဆယ်မိနစ် ကိုးမိနစ် ရှစ်မိနစ်
ငါတို့ပြန်လာရင် မင်းတို့ဝမ်းသာရမှာ ငါတို့ပြန်မလာရင်
အခုဖြစ်နေတာက ဗုံးကို ဖျက်ရမယ့် ကုတ်နံပါတ်က
ဖြစ်ရမယ့် ကုတ်နံပါတ်ဖြစ်နေတာ ငါ့ကို ယုံပါ
ဘာရိုမြို့ကို မင်းနောက်တစ်ခေါက်အလည်လာရင် ပြောပြပါ
ကာရံထားတဲ့ အုတ်တံတိုင်းကို ဖြိုချ
စာသင်ကျောင်း၊ ဆေးရုံဆေးခန်း နဲ့ကလေးကစားကွင်းတွေ ပြန်ဖွင့်
အမှိုက်ကောက်သမားတစ်ယောက်က
မြို့လေး တစ်မြို့ကို ကယ်လိုက်တဲ့အကြောင်း။
( B 13 ရုပ်ရှင်ဇာတ်ကားအား ခံစားရေးဖွဲ့ပါသည်)

မင်းနဒီခ
ရနံ့သစ်၊ အောက်တိုဘာ၊ ၂၀၁၁

No comments:

Post a Comment