မိမိပျောက်ဆုံးခြင်း
Emotion
ပဲ ဖြစ်ဖြစ် Mood ပဲ ဖြစ်ဖြစ် Feeling ပဲ ဖြစ်ဖြစ်
Psychological Sketch
ဟာ သူ့နာမည် သူ ကင်ပွန်းတပ်ရင်း တရွေ့ရွေ့ လိုက်ပါ
မည်ကာမတ္တ၀တ္ထုတိုမှာ
အဓိကလက္ခဏာဟာ ဇာတ်လမ်းမည်မည်ရရမပါခြင်း
ဆက်လက်ပြီး
ဇာတ်တိုက် ဆက် တိုက် ( Signified )ဇာတ်လိုက်ဟာ ငါ ( Signifier)
သေချာတာက
အဲဒီငါဟာ Heterotopia ထဲမှာ ရှိခြင်း၊ မရှိခြင်း၊ ဟုတ်ခြင်း၊ မဟုတ်ခြင်း တနည်း
ပုံပြောသူ
အောင်ချိမ့် ဟာ ဇာတ်လမ်းဇာတ်ကွက်အရ Narrator
အနုပညာပစ္စည်းသည်
မြေကိုခွဲ၍ ဘွားကနဲ ပေါ်ထွက်လာသော အရာမျိုးမဟုတ်
သဘာဝအရ
ဖြစ်ပေါ်လာသော တွင်းထွက်သယံဇာတပစ္စည်းလည်းမဟုတ်
Identity
ဟာ အမေ့ဗိုက်ထဲက အူဝဲဆိုပြီး ထွက်လာတဲ့ ငါမဟုတ်
အဲဒီလို
ကိုယ့်ဥခွံအဟောင်းလေးထဲ တကုတ်ကုတ် စကားလုံးတွေ ရေးရင်း ကဗျာတွေ ထွက်ကျလာ
သံသရာဟာ
Short Story လား Long Story လား မေးခွန်းများနဲ့ ကမ္ဘာ
ငါ့မျက်နှာမှာ
မနေ့က သူ့မျက်နှာမှာ တွေ့လိုက်တဲ့ Fragmentation များ
သူသူငါငါ
ကဗျာလိုင်းတစ်လိုင်းကနေ နောက်တစ်လိုင်းကူးသလို မနက်ဖြန်များ
Hypotactic
လား Paratactic လား အရွေ့အကူးအပြောင်းနဲ့ ကာလတရားချိတ်ဆက်ပုံ
Microsoft Word ကိုဖွင့်ပါ Word ရဲ့ အပေါ်ဘက်ထောင့်မှာ Office Button ကို
ကလစ်ပေးပါ
ပေါ်လာတဲ့ Menu ကနေ Save As (option) ကို
ကလစ်လုပ်ပါ
၁၉၉၁ က ဖျက်သိမ်းခံလိုက်ရတဲ့ Semipalatinsk
စက်ရုံမှာ ငါ့နာမည်ကို မရှာပါနဲ့
အို ကာဇက်စတန်
သင့်နိုင်ငံမှာ ငါ့ကို လက်ခံနိုင်မလား
အခု ဘင်လာဒင်မသေဘူး မူဆိုလီနီမသေးဘူး
ဟစ်တလာမသေဘူး ကဒါဖီ မသေဘူး
Expressionsim မှာ သူတို့ ရေကူးတတ်တယ် Surrealism
မှာ သူတို့ မွေးတဲ့ စစ်ကို သူတို့ပြန်လာခေါ် ကြတယ်
တောင်းဆိုးပလုံးဆိုးသာပစ်လို့ရမယ် သူတို့
စစ်ကို သူတို့ ပစ်မသွားနိုင်ဘူးတဲ့
ကိုအောင်ဆန်းစာရေးနေတယ် ပိတောက်ပွင့်သစ်မှာ
စာမူတွေ ဟော=တစ်=ပုဒ်=ဟော=တစ်=ပုဒ်=
ဘာသာစကားရဲ့ အလုပ်လုပ်ပုံမှာ
ခေတ်ပေါ်/ပြိုင် ကဗျာကို ခက်ရာ/ဆစ်
ဖွင့်/ဖတ်ဖို့ လိုလို မလိုလို
ကဗျာဆရာဟာ ကဗျာထဲမှာ
လွန်ခဲ့သောစာကြောင်းအနည်းငယ်မှ ပျောက်ဆုံးသွားခဲ့ပါကြောင်း။
မင်းနဒီခ
(ဆရာ ဇော်ဇော်အောင်၊ ဆရာ ဇေယျာလင်းတို့၏
ဆောင်းပါးများမှ စကားလုံးများဖြင့် ရေးဖွဲ့ပါသည်။)
၂.၁၀.၂၀၁၂ ။မနက် ၂ နာရီ ၄၅ မိနစ်။အင်္ဂါနေ့
No comments:
Post a Comment