လိုအပ်ချက်အရ ပြတ်တောက်နေတဲ့
လိုင်းတစ်လိုင်း
လိုအပ်ချက်အရ လိုင်းတစ်လိုင်းဟာ အမြဲတမ်း ပြတ်နေတယ် တောက်နေတယ် ထစ်နေတယ်
ခေတ်က နှာစေးနေတယ်ပြတ်တောက်မှုက ကိုယ့်ကို လူဖြစ်စေတယ် လိုင်း
အဲ့ဒီ အပြတ်အတောက် အထစ် အငေါ့ တွေနဲ့ပဲ ကိုယ့် လိုင်းကိုယ် ရွေးကြ
ကိုယ့်လိုင်းကိုယ် ငြိကြ
ဒီလိုနဲ့ ပဲ ထော်လော်ကန့် လန့် လိုင်းပေါ် ငါ့ခြေထောက် အစုံတွေက
ကျွမ်းထိုးမှောက်ခုံ စီးဝင်
နေ့မမြင် ညမမြင် ပြတ်တောက်နေတဲ့ လိုင်းမှာ သမိုင်းဟာ ကိုယ်နာမည်ကိုယ်
ဘယ်လိုရေး
သမိုင်းဟာ အစာရေစာ ငတ်မွတ်နေသလို မိုးရွာတာနဲ့ ပြတ်တတ်တဲ့ လိုင်း
မီးခိုးမှိုင်းတွေ တိတ်လိုက်ပါ သေနတ်တွေ ချိတ်လိုက်ပါ
ငါတို့ နိုင်ငံ ရဲ့ ဘေးလိုင်းတစ်လျှောက် ပြန်ရစရာ မရှိအောင် လိုင်း
မပျောက်ချင်လို့ပါ လိုင်း
သမိုင်းမတွင်သေးတဲ့ ပထ၀ီဝင် စာအုပ်ထဲကို တို့ နိုင်ငံသမိုင်း ဘယ်လိုင်းနဲ့
လိုက်ရှာရမလဲ လိုင်း
ဘယ်လိုလဲ သမိုင်း ဘယ်လိုလဲ လိုင်း ပြဿနာက မိုင်းတွင်းထဲ မိုးမိနေသလို
ငါ့မြင်း ငါ့စိုင်း .. ရိုင်းချင် လည်း ရိုင်း လိုင်း ငါ့ စိတ် ငါနှိုင်း
ရိုင်းချင် လည်း ရိုင်း လိုင်း
မှိုင်းမိနေသလို အရိပ်ဟာ အတိတ်နဲ့ နောက်ထပ်ဘယ်လောက်ကွာဦးမလဲ လိုင်း
ကောင်းကင်ထက် မီးရှုးမီးပန်းတွေ ကြွေလွင့်နေသလို ဒဏ်ရာဒဏ်ချက်တွေ မနည်းမနောက
ငါ့ကျောကို ရိုက်ချိုးလို့ နေဆဲ သမိုင်း
အဲဒီရိုက်ချိုးနေတဲ့ လိုင်းတွေကိုပဲ လက်ချိုးရေတွက်
ခုမကျေနပ်ချက်တွေ လိုင်းပြတ်သလို ပျောက်ကွယ်
ဘယ်လိုလဲ သမိုင်း ဘယ်လိုလဲ လိုင်း
ဗျိုင်းမနားလဲ ပေါက်ပင်ကိုင်းချင် ကိုင်းမှာပဲ ပေါက်ပင်ကိုင်းလဲ
ဗျိုင်းနားချင်မှ နားမှာပဲ
ဘယ်လိုလဲ လိုင်း ဘယ်လိုလဲသမိုင်း
အဲဒီသမိုင်းမှာ
အဲဒီလိုင်းတစ်လိုင်းဟာ လိုအပ်ချက်အရ အမြဲပဲ ပြတ်တောက်နေလိမ့်မယ် လိုင်း။
မင်းနဒီခ၊ ရင်နင့်အောင်၊
ချမ်းထက်ဟန်၊ထော်ဦး
(ရယ်စရာ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၂)
No comments:
Post a Comment