ဆရာမ
ဆရာမ ကမ္ဘာကြီးဗိုက်ထဲက အောင့်အောင့်နေတယ် ဆရာမ
အဲဒီအပေါ်
မတက်ပဲ ကို မနေနိုင်တဲ့ ရောဂါ
စာရေးမလို့
ထိုင်လိုက်တာ လက်က အဲဒီရောက်ရောက်သွားတယ် ရောဂါ
ပြောပြန်ရင်လဲ
မနာ မောပြန်ရင်လဲ ထပ်ထပ်ဆာတယ် ရောဂါ
ကဗျာက
ကဗျာ ကမ္ဘာက ကမ္ဘာ ငါမှ ငါဆိုတာလည်း ရောဂါ
စစ်ဖြစ်တာလည်း
ရောဂါ အချစ်ဖြစ်တာလည်း ရောဂါ
ပါလာပြန်ပြီလား
တစ်ခါ နောက်တစ်ခါ နောက် ထပ်ခါထပ်ခါ
မှီပြန်တော့လည်း
လိုက် မမှီတော့လည်း ကပ်ကပ်လိုက်
အထီးကျန်မဆန်ချင်တာ ရောဂါ
ပြဿနာက
ဘေးနားက လျှောက်သွားတာ
ပြတ်တောက်နေတဲ့
လိုင်းတွေကြား ဒုက္ခက တိုးတိုးထွက်လာတာ ရောဂါ
စုတ်နေတဲ့ကြားက
ပြတ်ပြတ်ထွက်သွားတဲ့ အဝတ်တစ်စလို
ချုပ်ချုပ်ပြီး ပြန်ပြုတ်ပြုတ်ထွက်သွားတာ ရောဂါ
လက်ကို
ဖြန့်ကြည့်တော့ ဗလာ အိပ်မက်ကို လှမ်းဆုပ်ကြည့်တော့ ဗလာ
စာအုပ်ထဲက
ဗလာဟာ ငါ့သမိုင်းမှာ ငါ့အတိတ်ကို လာလာရိုက်ပုတ်နေတဲ့ ရောဂါ
တရံရော
အခါ ယခုအခါ ခင်ဗျားလဲ ရောဂါ ကျုပ်လဲ
ရောဂါ
ဒီနေရာက
စပြီး ဘယ်နေရာ ဆုံးမယ်မသိတဲ့ ရောဂါ
ဝေးဝေးသွားတဲ့
အခါ ရောဂါ နီးနီးလာတဲ့အခါ ရောဂါ
လမ်းခွဲသွားတာလည်း
ရောဂါ လမ်းလွဲသွားတာလည်း ရောဂါ
ကမ္ဘာကို
ဝင်တိုက်မယ့် ဂြိုဟ်ကို ရှာတွေ့တာ ရောဂါ လပေါ်ခြေချချင်တာလည်း ရောဂါ
နောက်ဆုံးပေါ်နည်းပညာထဲ
ဝင်ရောက်ချင်တာ ရောဂါ စားစရာမရှိလို့ ဆန္ဒပြချင်တာ ရောဂါ
ဘယ်ရောဂါကို
ဘယ်လိုကုမလဲနဲ့ ဆေးလည်းမသိ ဆေးလည်းမရှိတဲ့ရောဂါ
မနက်ဖြန်ဟာ
သင့်ရှေ့မှာ ချိန်းဆိုမထားလည်း ရောက်ရောက်လာတာ ရောဂါ
ရောဂါ
ရောဂါ ဘာရောဂါပဲဖြစ်ဖြစ် ကမ္ဘာကြီးကိုသာ ဆေးကုပေးလိုက်ပါ
လူနဲ့မတည့်တဲ့
ရောဂါဟာ လူမှာပဲ ပြန်ပြန်ဖြစ်နေလို့ပါ ရောဂါ။
မင်းနဒီခ၊ ညီမင်းဝေ
New Style , Jan. 2013
No comments:
Post a Comment