Friday, April 19, 2013

ငြိမ်းချမ်းရေး


ငြိမ်းချမ်းရေး

နံရံမှာကပ်ထားတဲ့ သံလွင်တစ်ခတ်က
ချက်ကော့ရဲ့ ချိတ်ထားတဲ့ သေနတ်တစ်လက်လို ဖြစ်လို့
ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေး တုပ်ကွေးမိနေတယ်
နျူးကလီးယားအိပ်မက်နဲ့စတုတ္ထမြောက်ရင်ခုန်သံ
အပြန်အလှန်စစ်ပွဲများ
ယမ်းငွေ့ဝေေ၀မနက်ခင်းများ
မြို့ပျက်ကလေးရဲ့ ဗုံးခိုကျင်းထဲက
အထိတ်တလန့် သွေးပျက်သံများ
ငါနားနဲ့ ဆတ်ဆတ်ကြားတယ်
မိတ်ဆွေ
တစ်ယောက်လက်ကို တစ်ယောက်တွဲပါ
ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို သံပြိုင် သီဆိုပါ
အမြောက်ပြောင်းဝမှာ
ကြည်ကြည်နူးနူး
အသိုက်ဆောက်နေတဲ့ ငှက်ကလေးတစ်ကောင်အကြောင်း
ကဗျာတစ်ပုဒ်လောက်ရေးချင်လို့
မျှော်လင့်ခြင်းများ အဆုံးမသတ်မီ။

 မင်းနဒီခ
ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ၊ ၂၀၁၁

No comments:

Post a Comment