Thursday, April 11, 2013

အိမ်ကထွက်လိုက်တာနဲ့ သတ်ကွင်း



အိမ်ကထွက်လိုက်တာနဲ့ သတ်ကွင်း

အိမ်ကထွက်လိုက်တာနဲ့ ခလုတ်တိုက်လဲကျနိုင်တာလည်း မတော်တဆ၊ 
မတန်တဆပြုတ်ကျလာတဲ့ သစ်ကိုင်းလည်း ကိုယ့်ခေါင်းပေါ် ကျချင်လည်း ကျနိုင်
လမ်းဖြတ်ကူးတာ မျဉ်းကြားမှာ ဘရိတ်ပေါက် လာတဲ့ ကားက ကိုယ့်ဆီတည့်တည့်
ခင်ဗျားက အဆီအစိမ့်တွေ အရမ်းစားတာပဲ အစ်ကိုရာ ညီလေးရာ
သေခြင်းတရားဆိုတာ လေယာဉ်တစ်စီးက လေယာဉ်တစ်စီးပြောင်းစီး သလောက်ပါပဲ
ဆိုပေမဲ့ စီးမိတဲ့ လေယာဉ်က ပျက်ကျမယ့် လေယာဉ်ဖြစ်နေတာ
ဘယ်တတ်နိုင်မလဲ ဆိုတော့  အပျင်းပြေ အအေးခန်း ရုပ်ရှင်ဝင်ကြည့်ရုံပေါ့
ပြန်ထွက်လာတော့  နေပူထဲ ဟုတ်ပါ့မလား မောင်ကာဠုရာ
မနေ့ကမှ ငါနဲ့ စကားပြောခဲ့သေးတာ ဟုတ်တာပေါ့ အဘရာ
အဲဒီနေ့က အပူချိန်က စံချိန်အသစ်တင်ဆိုပဲ
ဆိုခဲစေမြဲစေ ရေခဲရေ သောက်တာက စဖြစ်တာ
စီးလာတဲ့ အဲယားကွန်းဘတ်စ်က သစ်ပင်ကို ၀င်တိုက်တာ
အမြန်လမ်းမကြီးမှာ ကားဆရာက အိပ်မက်လှလှမက်လိုက်တာ
သွားတာကတော့ အပျော်ပဲ အပါးပဲ
လူအုပ်ကြားထဲက ပြဿနာက ကိုယ့်ဆီကို ရောက်လာတာ
ကျန်းမာရေးအရ လမ်းလျှောက်ပါ
လူသွားလမ်းမှာ ခါးပိုက်နှိုက်က ကိုယ့်အသက်ပါ နှိုက်သွားတာ
ခက်ပြီ ဘယ်လိုလုပ်ရမလဲ
ရန်ငြိုးလည်းမရှိ ရန်ကြွေးလည်းမရှိ
ကိုယ်နဲ့ တကယ်ကို မသိပါဘူးဆိုတော့ လူမှားပြီး ရိုက်သွားတာတဲ့
ဖြစ်ပုံများ ပျက်ပုံများ
ကွေးသောလက်လည်း မဆန့်ချင် ဆန့်သော လက်လည်း မကွေးချင်
အိမ်ထဲက အိမ်အပြင်မထွက်တော့ဘူးဆိုပေမဲ့ ၀ါယာရှော့က စတဲ့ မီး
လက်သီးကြိုက်လား လက်ဝါးကြိုက်လား
ညီအစ်ကိုချင်းရန်ဖြစ်တာ ၀င်ဆွဲတဲ့သူက အသက်ပေး လိုက်ရတယ်
မခက်ဘူးလားအရပ်ကတို့ရေ
သွေးတိုးနဲ့ ဆီးချိုက မောင်နှမ
အသည်းရောင် အသားဝါနဲ့ နှလုံးသွေးကြောကျဉ်းက အိမ်နီးချင်း
ကင်ဆာက ဦးကြီးဆို စီပိုးက တူလေး
သေနတ်ချင်း ယှဉ်ပစ်တာ မသေပါဘူး
သရေကွင်းနဲ့ ပစ်မှ အသက်ပျောက်သွားတာ
ဒီခေတ်ထဲ အိမ်ကထွက်လိုက်တာနဲ့ သတ်ကွင်း။

မင်းနဒီခ

No comments:

Post a Comment