Friday, April 19, 2013

မီးခိုးများ


မီးခိုးများ

တငွေ့ ငွေ့ငွေ့လောင်ကျွမ်း မီးခိုးအစ မီးခိုးအဆုံး
မီးခိုးများ ၀ုန်းကနဲတက်လာပြီးနောက်
သေတ္တာထဲမှ မိန်းကလေး ပျောက်သွားပြီ။ ဟာသ
မျက်လှည့်လိုလို မလှည့်လိုက်သလိုလို
ပြီးခဲ့တဲ့ နှစ်သုံးဆယ် နောင်လာမယ့် နှစ်သုံးဆယ်။ ခဏ
ပြာစများလေထဲတွင် လွင့်ပါသွားသည်။ သို့မဟုတ်
ပြာစများ ရေထဲတွင် မျောပါသွားသည်။ တစစ
အိပ်မက်က လက်တွေ့မှာ တလှပ်လှပ်ကွာကျ။ ပကာသန
ဒီကွင်းထဲ ငါ့ကို ဘယ်သူအငှားချလိုက်သလဲ။ ဘဝ
တစ်နေ့တစ်နေ့ လူပီသရဲ့လားဆိုတဲ့ မေးခွန်းမှာ ငါ့ကိုယ်ငါ ပြန်မရ
ငါတူးထားတဲ့ တွင်းနက်နက်ထဲ ငါ့ဘာသာ ငါပြန်ပြုတ်ကျ။
အနိစ္စ။ ဒုက္ခ။ အနတ္တဟာ ရေဆုံးရေဖျား ရှာမရ
တသသ တားမရ ဆီးမရ မီးခိုးအစ မီးခိုးအဆုံး
မီးခိုးမဆုံး မိုးမဆုံး။

မင်းနဒီခ
Idea Magazine, 2012



No comments:

Post a Comment