Thursday, April 11, 2013

ငါ့သစ်ရွက်များ


ငါ့သစ်ရွက်များ

ဒီလိုနဲ့/ ပြီးခဲ့/ ရက်များ/ လများ/ နှစ်များ/ သစ်ရွက်များ/ ကြွေချင်သလို ကြွေခဲ/့ ခုနှစ်များ/ ဇနီးမယား/ သမီးသား/ သေခြင်းတရား/ ဖြတ်သွားဖြတ်လာ/ ဧည့်သည်/ နောင်ခါလာနောင်ခါဈေး/ ၏သည်မရွေး/ ငါ/ သူတပါး/ မိုးခါးရေခါး/ ကျား/ မ/ မရွေး/ ဇာတ်ပေါင်းသော် ဘုရားအလောင်းနဲ့/ ပါးစပ်/ ဟောင်းလောင်း/ ရာဇ၀င်/ သူ့ကိုယ်ပင်လျှင် ဘာထင်လေမသိနဲ့/ အချက်သိတော့ သူခိုးသမက် ထင်/ မြင်မြင်လေရာ ငါ့ရွေခွက်များ/ တရားလား/ မတရားလား/ ဒီလိုနဲ့/ ပြီးခဲ့/ စက္ကန့်များ/ မိနစ်များ/ နာရီများ/ သစ်ရွက်များ/ မိုးလည်းကာခဲ့/ နေလည်း ကာခဲ့/ နောက်ကျောက ဒဏ်ရာများ/ ရွေ့လျား/ ပါးစပ်များ/ အငမ်းမရလျှာများ/ မရပ်မနား ရပ်ထား/ ရထားဟာ တစ်ဘူတာထွက်တစ်ဘူတာဝင်/ ဆက်သွား / ဆပ်သွား/ ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့တူတဲ့ ဘတ်သီးတွေ လင်းနေတုန်း လား/ ဆက်သွား/ ဒီလိုနဲ့/ ပြီးခဲ့/ ရာသီများ/ ဒါလီရဲ့ ပန်းချီကားထဲက လို ပျော့တွဲ
 လျော့ရဲ နာရီများ/ ကြွေချင်သလို မကြွေခဲ့/ မကြွေချင်သလို ကြွေခဲ့/ သစ်ရွက်များ/ ငါ့သစ်ရွက်များ/ ပျားရည်စက်အောက်က ဓါးများ/ တရားလား/ မတရားလား နေ့များ/
ညများ/ ကြယ်များ/ လများ/ တခြား/ မေ့မေ့ပျောက်ပျောက်/ အောက်မေ့ဖွယ်များ/ တခမ်းတနား/ အခမ်းအနား/ ဆက်တင်များ/ ဆက်တင်းထား/ ဒီလိုနဲ့/ ပြီးခဲ့/ ဘ၀များ/ သံသရာများ/ မကြွေချင်လဲ့ ကြွေခဲ့/ ကြွေချင်လဲ ကြွေခဲ့/ သစ်ရွက်များ/ မှတ်မှတ်ရရ/ ငါ့သစ်ရွက်များ/ လူများ/ သက္ကရာဇ်များ/ ဘ၀များ/ လမ်းတံတားနဲ့ လူကူးမျဉ်းကျား/ သံသရာကူး ကြိုးတံတား/ တရား/ ဓါး /တံတား/ ရထား/ငါ့အား ထားခဲ့/ စကား/ မသေသောရှေ့နေနဲ့ မမှားသော ဆေးသမား / ဒီလိုနဲ့/ ပြီးခဲ့/ စကားများ/ နေရာများ/ အထားအသို/ အလွဲအမှား/ မကြွေခဲ့/ မကြွေတဲ့ သစ်ရွက်များ/ ဒီလိုနဲ့/ ပြီးခဲ့/ သစ်ရွက်များ/ ဒီလိုနဲ့/ သစ်ရွက်များ/ ငါ့သစ်ရွက်များ။

မင်းနဒီခ

No comments:

Post a Comment