Thursday, April 11, 2013

စစ်



စစ်

ငြိမ်းချမ်းရေးတရားကို
လှိုင်းတိုမီတာ ဘယ်လောက်ကနေ ဖမ်းယူရရှိနိုင်မလဲ
နိစ္စဓူဝ အနိဌာရုံမြင်ကွင်း
စာအံသံတွေ ကင်းမဲ့နေတဲ့ အရပ်
ဖိနပ်တခြား ဦးထုပ်တခြားဘ၀များ
ကျီးကန်းတစ်ကောင် အစာချောင်းသလိုပဲ
ကိုယ်ဝမ်း ကိုယ်ပြန်ကျောင်းနေရတဲ့အဖြစ်များ
မျှော်လင့်ချက်ဆိုတာ
လှော်ရင်း နစ်နေတဲ့ လှေတစ်စင်းပဲလား
ဘယ်လိုဖြစ်ဖြစ်
ဒီညနေလေး အမှောင်ဝင်သွားလဲ
အဖေကတော့ ပြန်မလာသေးဘူး

မင်းနဒီခ

No comments:

Post a Comment